BEC-TERO TV

အိပ်မောကျနေသည့် အမျိုးသမီးကို ခြင်ထောင်ထဲထိ ဝင်ဆွဲသူအား ဝိုင်းဖမ်း

25 May 2018     1,530 Views


မေလ ၂၅ ရက်နေ့ နံနက် ၃ နာရီခန့်က နေအိမ်ထဲခိုးဝင်ပြီး အိပ်မောကျနေသည့် အမျိုးသမီးခြေအား ဝင်ဆွဲသူကို ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ မြိတ်မြို့ တွင် နေထိုင်တဲ့ ဒေါ်ခင်လှနေအိမ်ထဲ့သို့ အမည်မသိ လူတစ်ဦးဝင်ရောက်လာပြီး သမီးဖြစ်သူ၏ ခြေထောက်အား လူတစ်ဦးလာဆွဲနေတာကြောင့် မိခင်ဖြစ်သူအား သမီးက နှိုးကာပြောလိုက်သဖြင့် ကြည့်လိုက်ရာ လူတစ်ဦးနေအိမ်မှ ဆင်းပြေးသွားကြောင်း သိရသည် ။
 
ထိုရာတွင် ရွာသူရွာသားများက ဝိုင်ဝန်းရှာဖွေခဲ့ကြရာ တစ်အိမ်ကျော်ဦးကြီးမြင့်၏ အိမ်အနီးမှာ ဖမ်းဆီးရမိခဲ့ကြပြီး ၄င်းဝတ်ဆင်ထားသည့်အဝတ်အစားများကိုကြည့်၍ သမီးဖြစ်သူ၏ခြေထောက်အား ဆွဲသူဖြစ်သည်ဟု ဒေါ်ခင်လှက အတည်ပြုခဲ့သည် ။
 
ရွာသူရွာသားများ မြိတ်မြို့ မရဲစခန်းသို့ပို့ဆောင်ထားပြီး ဒေါ်ခင်လှမှ တရားလိုပြုတိုင်တန်းတာကြောင့် ရဲစခန်းမှ ( ပ ) ၇၈၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

25 May 2018     1,530 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS