BEC-TERO TV

ကျန်းမာရေးအတွက် ချိန်ကိုက်ဗုံးတစ်လုံး (သို့) အီးစီးကရက် Vape

01 Jun 2018     1,542 Views


နီကိုတင်းဆေးလိပ်အစားထိုးအဖြစ် သောက်သုံးမှုများပြားလာနေသည့် အီးစီးကရက် သို့မဟုတ် Vape ဟာ ကျန်းမာရေးအတွက် ချိန်ကိုက်ဗုံးတစ်လုံးသာဖြစ်ကြောင်း အဆုပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်းများက သတိပေးလိုက်သည်။
 
အီးစီးကရက်သောက်သုံးခြင်းကြောင့် လာမယ့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အဆိုးရွားဆုံးကျန်းမာရေးပြဿနာများကို ရင်ဆိုင်ကြရလိမ့်မယ်ဟု အဆုပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်းများက မေလ ၃၁ ရက်နေ့က သတိပေးလိုက်သည်။

ပညာရှင်များအနေနဲ့ အီးစီးကရက်သောက်သုံးခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေတဲ့ သက်သေပြစရာတွေ အများကြီးရှိထားပြီးပါပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အီးစီးကရက် ထုတ်လုပ်ရောင်းချသူတွေကတော့ အီးစီးကရက်ဟာ တစ်ကယ့်ဆေးလိပ်ထက် ပိုပြီးကျန်းမာရေးနဲ့ညီညွတ်ကြောင်း ပြောဆိုပြီး စျေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချလျှက်ရှိနေပါတယ်။
 
အီးစီးကရက်သောက်သုံးခြင်းဟာ တစ်ကယ့်စီးကရက်သောက်သုံးတာနဲ့ သိပ်မကွာတဲ့အပြင် လူတွေကို ဆေးလိပ်သောက်သုံးဖို့ လမ်းပြရာလည်းရောက်ပါတယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။
 
အပြည်ပြည်ဆိုင်ရာ ဆေးသုတေသနအဖွဲ့မှ Dr Tom Ferkol က အီးစီးကရက်ဟာ ဆေးလိပ်သောက်သုံးသူ ပပျောက်ရေးလှုပ်ရှားမှုတွေမှာ အဟန့်အတားဖြစ်စေပြီး သူကြောင့် ဆေးလိပ်သောက်သုံးမှုနှုန်းဟာ ယခင်ကလို ပုံမှန်ပြန်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီလိုပုံမှန်ပြန်ဖြစ်လာခြင်းကြောင့် မျိုးဆက်သစ် လူငယ်တွေ ဆေးလိပ်သောက်လာအောင် ဦးဆောင်နေတာနဲ့ တူပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အီးစီးကရက်သောက်သုံးခြင်းကြောင့် ရေရှည်မှာ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အဆုပ်နဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်ဆိုတာ သိတဲ့သူနည်းပါးသေးတယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။
 
အထူးသဖြင့် ဆယ်ကျော်သက်တွေလည်း “Vaping” သောက်တာများလာပါတယ်။ သဘာဝလေကလွဲပြီး အခြားအရာတွေကို အဆုပ်ထဲရှုသွင်းတာက ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
 
လက်ရှိမှာတော့ လူငငယ်တွေဟာ စူးစမ်းလိုစိတ်၊ ဆွဲဆောင်တဲ့ အနံ့အရသာနဲ့ အန္တရာယ်မရှိဘူးလို့ ထင်တားခြင်း စတဲ့ အချက် ၃ ချက်ကြောင့် အီးစီးကရက်ကို သောက်သုံးနေကြတာဖြစ်ပါတယ်။
 
အီးစီးကရက်သောက်သုံးခြင်းဟာ လက်တလောမှာ မသိသာပေမယ့် ရေရှည်မှာတော့ ဆေးလိပ်သောက်သူလိုပဲ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်မှာ ဖြစ်ကြောင်း ပညာရှင်များက သတိပေးပြောကြားလိုက်သည်။
 

01 Jun 2018     1,542 Views




RELATED

Most Popular of Health Fix

Most Popular of Life Style