BEC-TERO TV

အရင်လို ရေထဲမဆင်းရဲတော့ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ

01 Jun 2018     3,144 Views


မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီကတော့ အသက်ငယ်သေးပေမယ့် ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးပါ။ ရုပ်ရည်ချောမောရုံသာမက ဖက်ရှင်ပိုင်းမှာဆိုလည်း ခေတ်ရှေ့ပြေးနေအောင် ၀တ်စားတတ်သူလေးပါ။ အချေပုံစံလေးပေါက်နေတဲ့ ရွှေမှုန်လေးကတော့ စိတ်ထားကောင်းပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ 

ခဏခဏရေထဲဆင်းပြီး ရေးကူးလွန်းလို့ ပရိသတ်တွေကတောင် ရေသူမလေးလို့ အခေါ်ခံရလောက်အောင်လည်း ရေကူးရတာကို ကြိုက်နှစ်သက်တဲ့သူလေးပါ...

မကြာခဏဆိုသလို အပန်းဖြေရေကူးလေ့ရှိတဲ့ ရွှေမှုန်ရတီက အခုချိန်မှာတော့ ရေထဲမဆင်းရဲတော့ဘူးဆိုပြီး သတင်းမီဒီယာတစ်ခုကနေပြောခဲ့ပါတယ်....

သူမ ရေထဲမဆင်းတော့တဲ့ အကြောင်းအရင်းက မိုးတွင်းဖြစ်နေလို့ပါတဲ့...

“မဆင်းတော့ဘူး၊ မိုးတွင်းကြီးဖြစ်နေပြီဆိုတော့ မဆင်းရဲတော့ဘူး… ခဏလေးနားပါရစေပါဦး၊ မိုးတွင်းလေးဆိုတော့ ခဏလေးပါ…” ဆိုပြီး အရွှန်းဖောက် ရယ်မောရင်းနဲ့ ရေထဲမဆင်းဖြစ်တော့တဲ့ အကြောင်းရင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။

 

ရွှေမှုန်ရတီဟာ မကြာခင်မှာ “ဧည့်သည့်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးတော့မှာဖြစ်ပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ အဆိုတော်ရွှေထူးနဲ့ Beauty Blogger နေခြည်ဦးတို့လည်း ပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင် ရွှေမှုန်က သူမရိုက်တဲ့ကားတိုင်းကိုလည်း ကွာလတီမကျစေရဘူးလို့ ပရိသတ်တွေကို အာမခံထားပါသေးတယ်။

 

 

 


01 Jun 2018     3,144 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment