BEC-TERO TV

ထိပ်ပြောင်သူများက စွဲဆောင်မှုအရှိဆုံးယောင်္ကျားများအဖြစ် ဦးဆောင်နေ

04 Jun 2018     2,137 Views


အသက်အရွယ်ရလာလို့ ဖြစ်စေ၊ အခြားအကြောင်းတွေကြောင့်ဖြစ်စေ ဆံပင်တွေကျဲလာပြီး ထိပ်ပြောင်ဖို့ တာစူလာနေတဲ့ အမျိုးသားတွေအတွက် စိုးရိမ်စိတ်လုံးဝ မဖြစ်ကြပါနဲ့တော့။
 
ပညာရှင်များရဲ့ သုတေသနပြုလေ့လာချက်အရ ကမ္ဘာပေါ်မှာ ထိပ်ပြောင်တဲ့ အမျိုးသားများဟာ ဆွဲဆောင်မှုအရှိဆုံးနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုအရှိဆုံး ယောင်္ကျားများဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ပန်ဆယ်လ်ဘေးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များက ကျောင်းသားများနဲ့ ကျောင်းသူများ အုပ်စု နှစ်စုကို အမျိုးသားတွေရဲ့ ဓါတ်ပုံတွေကို ထုတ်ပေးပြီး အချက် (၃)ချက်ဖြစ်တဲ့ (ဆွဲဆောင်မှုရှိခြင်း၊ မိမိကိုယ်ကိုယ်ယုံကြည်ချက်ရှိခြင်း၊ သြဇာရှိခြင်း) တွေ ပေါ်လွင်စေ ၏သူများရဲ့ ပုံများကို ရွေးထုတ်ပေးရန် စေခိုင်းခဲ့ကြပါတယ်။

အချက်(၃)ချက်စလုံးနဲ့ ကိုက်ညီတဲ့ အမျိုးသားတွေထဲမှာ ထိပ်ပြောင်သူများက ဦးဆောင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ထိပ်ပြောင်သူများဟာ ဉာဏ်ပညာကြီးသူများ၊ ခေါင်းဆောင်နိုင်သူများ၊ အများနဲ့ ညှိနှိုင်းပြီးလုပ်ကိုင်ရတဲ့ အလုပ်တွေမှာ လိုက်လျောညီထွေစွာ နေထိုင်နိုင်သူများဖြစ်ကြောင်းပါ တွေ့ရှိခဲ့ပါတယ်။ ထိပ်ပြောင်သူများဟာ များသောအားဖြင့် ခပ်ဟော့ဟော့ အမျိုးသားတွေထက် တစ်လက္မခန့်လည်း အရပ်ပိုမြင့်ပါသေးတယ်။
 
ထိပ်ပြောင်သူများအတွက် ပြောစရာတစ်ခုပဲရှိတာက သူတို့တွေဟာ ရှိရင်းစွဲအသက်ထက် ၄ နှစ်ခန့် ပိုကြီးတယ်လို့ ထင်ရတာတစ်ခုပဲဖြစ်ပါတယ်။ အမျိုးသားတွေဟာ ပျှမ်းမျှအားဖြင့် အသက် ၅၀ အရွယ်မှာ ဆံပင်တွေကျွတ်လာတတ်တယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
 
ဒါကြောင့်မို့ ထိပ်ပြောင်တာဟာ အမျိုးသားတွေအတွက် စိတ်ညစ်စရာတစ်ခုမဟုတ်သလို ဆံပင်ပြန်ပေါက်ဖို့အတွက် ပိုက်ဆံတွေအများကြီး အကုန်အကျခံနေတာဟာလည်း မှန်ကန်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ဆိုပါတယ်။

ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာ ဘဝမှာ အကောင်းမြင်စိတ်နဲ့ ပျော်ပျော်နေတတ်သူတွေဖြစ်တာကြောင့် အမျိုးသမီးတွေအတွက် သူတို့ရဲ့ သွင်ပြင်ဟာ ဆွဲဆောင်မှုအရှိဆုံးပုံစံဖြစ်တယ်လို့ အမျိုးသမီးအများစုကလည်း သဘောတူညီထားကြပါတယ်။
 
ဒါကြောင့်မို့ ထိပ်ပြောင်တာဟာ ယနေ့ခေတ်မှာတော့ ရှက်စရာတစ်ခု မဟုတ်တော့ပဲ နောက်ထပ်ပုံစံအသစ်နဲ့ စွဲဆောင်မှုရှိစွာ ရပ်တည်နေတယ်လို့ သဘောထားပြီး ထိပပြောင်တာဟာ ဂုဏ်ယူစရာတစ်ခု၊ ဖက်ရှင်အသစ်တစ်ခု ဖြစ်နေပါပြီ။

 


04 Jun 2018     2,137 Views




RELATED

Most Popular of Health Fix

Most Popular of Life Style