BEC-TERO TV

ယုန်လေးကို ဖေ့စ်ဘွတ်မှာ Block ထားရတဲ့အကြောင်း ပြောပြလာတဲ့ သုသု

05 Jun 2018     1,298 Views


မြန်မာနိုင်ငံရဲ့ လူသိများကျော်ကြားတဲ့ အနုပညာရှင်ဆယ်လီတစ်ဦးလည်းဖြစ် မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက်လည်းဖြစ်တဲ့ သုသု(ညီညီမောင် စမ်းချောင်း) ကတော့ လူချစ်လူခင်ပေါများတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့သူမို့ ပရိသတ်တွေတင်မကပဲ အနုပညာညီအစ်ကို မောင်နှမတွေကလဲ ချစ်ကြခင်ကြရတဲ့ သူတစ်ဦးပါ။ 

အများတကာကို ပျော်ရွှင်စေချင်တဲ့စိတ်ကြောင့် ဟာသဗီဒီယိုလေးတွေရိုက်ရင်း အနုပညာလောကထဲကိုရောက်လာတဲ့ သုသုတစ်ယောက် အဆိုတော်ယုန်လေးကိုတော့ ဖေ့စ်ဘွတ်မှာဘလော့ထားတယ်လို့သိရပါတယ်။

သုသုရဲ့နောက်ဆုံးထွက်ထားတဲ့ ဟာသဗီဒီယိုထဲမှာလည်း ယုန်လေးက ပါဝင်သရုပ်ဆောင်ပေးခဲ့ပါသေးတယ်။ အပြင်မှာသူငယ်ချင်းတွေလို ခင်ကြပေမယ့် ဖေ့စ်ဘွတ်မှာဘလော့ထားရတဲ့အကြောင်းကတော့ အစအနောက်သန်လို့ပါတဲ့။

သုသုမကြိုက်တဲ့ နာမည်ကို စနောက်ပြီးခေါ်တဲ့အတွက်ကြောင့် ဘလော့ထားခဲ့တာဖြစ်ပါတယ်ဆိုပြီး မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။


“ကိုယုန်လေးက စတတ်လွန်းအားကြီးလို့ ဘလော့ထားရတယ်။ အဲ့တုန်းကဆို သူကဗီဒီယိုရိုက်ပြီးတော့ ငါ့ကို Tag ပေးဆိုတော့ Tag တွဲဖို့ရှာလို့မရဘူး။ ရှာလို့မရတော့မှ နင်ငါ့ကို ဘလော့ထားတာထင်တယ် ခဏခဏနောက်လွန်းအားကြီးလို့လေဆိုပြီးပြောတယ်... ကိုယုန်လေးက အရမ်းအစသန်တယ်။ သုသုမကြိုက်တဲ့ ဦးညီညီမောင်တို့ ဘာတို့ဆိုပြီးအရမ်းစလို့ ဘလော့ထားခဲ့တာ” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သုသုကို ဦးညီညီမောင်လို့လာခေါ်တဲ့သူတိုင်းကိုလည်း ဖေ့စ်ဘွတ်မှာ ဘလော့တတ်ပါတယ်တဲ့...  ကဲ ပရိသတ်ကြီးလဲ ဘုမသိဘမသိ သုသုဘလော့တာ မခံချင်ရင်တော့သွားမခေါ်မိစေနဲ့နော်.....

လူသိထင်ရှားချပြခဲ့တဲ့ သုသုရဲ့အချစ်ရေးကတော့ ကံမကောင်းစွာနဲ့ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်... ချစ်သူရဲ့ဖောက်ပြန်မှုဒဏ်တွေကို မခံနိုင်တော့လို့ လမ်းခွဲပြတ်စဲခဲ့တဲ့ သုသုက လက်ရှိမှာတော့ စိုးရိမ်ပူပန်မှုတွေမရှိတော့ပဲ တစ်ယောက်ထဲပျော်ရွှင်နေပါတယ်တဲ့....

 

 

 


05 Jun 2018     1,298 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment