BEC-TERO TV

ခြင်ကတစ်ဆင့်ကူးစက်နိုင်သော ရောဂါဆန်းတစ်မျိုး ယူဂန်ဒါတွင် ဖြစ်ပွား

06 Jun 2018     1,306 Views


လတ်တလောတွင် အဖြေရှာမရ၊ ကုသနိုင်မှုမရှိသေးသည့် ရောဂါဆန်းတစ်မျိုး ယူဂန်ဒါနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိပြီး သေဆုံးသူ ကလေးငယ် (၈)ဦးထိ ရှိလာပြီဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်လိုက်သည်။
 
အဆိုပါရောဂါဆန်းကို အနက်ရောက်ရေ အဖျားရောဂါ (Black water fever) အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပွားသူများအားလုံးဟာ အသက် ၁၀ နှစ်အောက် ကလေးများ ဖြစ်ကြကြောင်း သိရှိရသည်။
 
လက်ရှိမှာ စုစုပေါင်း ကလေးငယ် ၁၉ ဦး ရောဂါဝေဒနာခံစားနေရသည်။ အဆိုပါရောဂါ၏ အဓိကလက္ခဏာမှာ အဖျားရှိန်မြင့်တက်ပြီး အနေက်ရောင်ဆီးများ သွားခြင်းဖြစ်သည်။ ထို့ပြင် ဗိုက်အောင့်ခြင်း၊ သွေးအားနည်းခြင်းနှင့် အခြားရောဂါလက္ခဏာများလည်း ပြသကြောင်း သိရှိရသည်။
 
ပျောက်ကင်းသက်သာအောင် ကုသနိုင်ခြင်းမရှိသေးသည့် အဆိုပါရောဂါဖြစ်ပွားမှုကို ကလေး ၁၄ ဦး ဖြစ်ပွားခဲ့ရာမှ မေလ ၂၃ ရက်နေ့မှာ သိရှိခဲ့ခြင်းဖြစ်သည်။ အစိုးရအနေနဲ့ ရောဂါဖြစ်ပွားနေသော ယူဂန်ဒါနိုင်ငံ မနာဖွာဒေသတစ်ဝိုက်ကို သက်ဆိုင်ရာပညာရှင်များ စေလွှတ်ပြီး ဆန်းသပ်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
 
ရောဂါဖြစ်ပွားသူများမှာ အသက် ၁ နှစ် ၂ နှစ်တို့အပြင် ၅ လသားကလေးငယ်တို့မှာပါ ဖြစ်ပွားနေပြီး အများစုမှာ ယောင်္ကျားလေးများ ဖြစ်သည်။ ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌါနက သွေးနမူနာ၊ ဆီးနမူနာများကို စမ်းသပ်စစ်ဆေးနေသော်လည်း တိကျသည့်အဖြေတစ်ခုကို ထုတ်ပေးနိုင်ခြင်းမရှိသေးပါ။
 
အဆိုပါရောဂါဟာ သွေးနီဥတွေကို ပေါက်ကွဲစေပြီး သွေကြောများနဲ့ ဆီးအတွင်းမှာ ဟေမိုဂလိုဘင်များကို ထုတ်ပေးကြောင်း၊ ဟေမိုဂလိုဘင် ထုတ်ပေးမှုကြောင့် ကျောက်ကပ်ပျက်ဆီးပြီး သေစေနိုင်ကြောင်း ပညာရှင်များက ယုံကြည်ထားကြသည်။
 
ငှက်ဖျားရောဂါဆန်သော အဆိုပါရောဂါဆန်းဟာ ခြင်ကနေတစ်ဆင့်လည်း ကူးစက်စေနိုင်တာကြောင့် WHO အနေနဲ့ အခြေအနေကို မပြတ်စောင့်ကြည့်ပြီး ပွင့်လင်းစွာ သတင်းထုတ်ပြန်ရန် တိုက်တွန်းထားသည်။
 
မြန်မာနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ (၅)ဦးထိ ရှိနေကြောင်း၊ သေဆုံးရသည့်အဓိက အကြောင်းရင်းမှာ ပုဂ္ဂလိဂဆေးခန်းများကနေ လွှဲပြောင်းပေးမှု နောက်ကျသောကြောင့်ဟု ပြည်တွင်းသတင်းများမှာ ဖော်ပြပါရှိသည်။

06 Jun 2018     1,306 Views




RELATED

Most Popular of Health Fix

Most Popular of NEWS