BEC-TERO TV

မခံနိုင်တော့ဘူးဟုချစ်သူကိုပြောပြီး တိုက်ပေါ်ကနေခုန်ချခဲ့တဲ့အမျိုးသမီး

06 Jun 2018     1,431 Views


ဇွန်လ ၆ ရက်နေ့ ထိုင်နိုင်ငံ ချွန်းပူးလီတွင် မိန်းကလေးတစ်ဦးမူးယစ်ဆေးဝါးကြောင်ကာ ကွန်ဒို ငါးထပ်တိုက်ပေါ်ကနေခုန်ချပြီး သေဆုံးခဲ့သည်ဟု သိရသည် ။
 
ဖြစ်စဉ်မှာ ဘလွဲလတ်ဆီဝိချိုင်း ၂၇ နှစ်သည် မနက်အစောပိုင်းတွင် သူ၏သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး ဆေးဝယ်ခဲ့ပေးပါဟု ပြောပြီးတစ်ခါတည်းဖုန်းချခဲ့သည် ။ ထိုရာတွင် ဘလွဲလတ်ဆီဝိချိုင်း၏သူငယ်ချင်းက ဖုန်းဆက်ချိန်တွင် အသံကိုနားထောင်ပြီး စိုးရိမ်သဖြင့် ဘလွဲလတ်ဆီဝိချိုင်း နေထိုင်ရာ ကွန်ဒိုကို ချက်ချင်းသွားခဲ့သည် ။ ဒါပေမဲ့ သူမရောက်သွားချိန်တွင် မထင်ဘဲ ဘလွဲလတ်ဆီဝိချိုင်းက တိုက်ပေါ်ကနေခုန်ချပြီး သေနေတာကို တွေ့ ရပါတယ် ။
 
 
ရဲများကရောက်ရှိလာပြီး သူမ၏တိုက်ခန်းအတွင်းပိုင်းကို ဝင်ရောက်စစ်ဆေးရာတွင် အခန်းအတွင်းရှိ ပစ္စည်းများပြန့်ကျဲနေကာ မူးယစ်ဆေးဝါးသုံးသည့် ပစ္စည်းတွေလည်း တွေ့ ရှိခဲ့သည်ဟုသိရသည် ။ ရဲများစစ်ဆေးချက်အရ ဘလွဲလတ်ဆီဝိချိုင်းက မူးယစ်ဆေးဝါးအလွန်အကျွန်သုံးပြီး ဆေးကြောင်သွားတာလို့ သိရပါသည် ။ ပြီးတော့ သူမ တိုက်ပေါ်မခုန်ချခင် သူမ၏ချစ်သူကို " အချစ်ရေ ကျန်မ မခံနိုင်တော့ဘူးဟု တုန်ခါနေသောအသံဖြင့် မက်ဆေ့ပို့ခဲ့သည်ဟု " သူ၏ဖုန်းတွင် ရဲများစစ်ဆေးချက်အရသိရသည် ။
 
တာဝန်ရှိသူများက အလောင်းကိုဆေးရုံတွင် ပို့ထားပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲများက ဖြစ်စဉ်တွင် ပါဝင်ပတ်တဲ့သူများရှိမရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည် ။

06 Jun 2018     1,431 Views




RELATED

Most Popular of Special or Others

Most Popular of NEWS