BEC-TERO TV

အွန်လိုင်းတွင် လူပြောများနေတဲ့ သတင်းထောက်နှင့်ကယ်ဆယ်ရေး ဖြစ်ရပ်

12 Jun 2018     1,221 Views


ဇွန်လ ၁၀ ရက်နေ့ ထိုင်နိုင်ငံ ဘက်တာရားမြို့ အဝင်တွင် ကုန်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းအလယ်မှာရှိတဲ့ အုတ်တံတိုင်းကို ကြမ်းကြမ်းရမ်းရမ်းတိုက်မှုဖြစ်ပွားခဲ့သည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ ကုန်တင်ကားတစ်စီး မတော်တဆဖြစ်သည်ကို သတင်းရရှိပြီး အခင်းဖြစ်ပွားရာနေသို့ သွားရောက်ကူညီခဲ့သည် ။ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကူညီနေစဉ် သတင်းထောက်တစ်ဦး အနီးကပ်နေပြီး သတင်းယူနေသည်ကို ဗီဒီယိုမှတ်တမ်းထဲတွင်တွေ့ ရမှာဖြစ်ပါတယ် ။ ထိုရာတွင် ကယ်ဆယ်ရေးတစ်ဦးက အပြင်းအထန်ဒဏ်ရာရရှိနေသော ကားဆရာကိုကူညီရန် ဖုန်းဖြင့်ဗီဒီယိုရိုက်ကူးနေသော သတင်းထောက်၏ လက်အောက်ထဲ ခေါင်းငုတ်ပြီး ဝင်သွားရာ သတင်းသမားက မကျေနပ်မှုဖြစ်ကာ ကယ်ဆယ်ရေးသမားကို ခြေထောက်ဖြင့်ကန်ခဲ့သည် ။
 
 
သတင်းသမားခြေထောက်ဖြင့်ကန်မှုကြောင့် ကယ်ဆယ်ရေးသမားက လူကိုကယ်တာထက်သတင်းကပိုအရေးကြီးနေတာလားလို့ပြောဆိုသောအခါမှာ နှစ်ယောက်စကားများပြီး ကိုယ်ထိလက်ရောက်ရန်ဖြစ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည် ။ 
 
 
ကယ်ဆယ်ရေးသမားအွန်လိုင်းပေါ်တွင် ထွက်ဆိုပြောကြားချက်အရ " အခင်းဖြစ်ပွားရာနေရာတွင် ကျန်တော်တို့က ထိုနေရာမှာ တာဝန်အရှိဆုံးသူဖြစ်သည်ဟု ပြောပါသည် ။ သတင်းသမားကိုလည်း သတင်းမယူရဘူးလို့လဲမဆိုလိုပါဘူး ဒါပေမဲ့ လူကယ်တင်တာကပိုပြီးအရေးကြီးပါတယ် ။ သတင်းသမားကလည်း တာဝန်ရှိသူတွေနဲ့အနှောက်အယှက်မဖြစ်တဲ့နေရာတွင်နေပြီး သတင်းယူလို့ရပါတယ်ဟု ပြောပါတယ် " ။ 
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားဆရာကို ဆယ်ကယ်ရေးသမားတွေက ဖြစ်နိုင်သလောက်ကူညီခဲ့သော်လည်း စိတ်မကောင်းစွာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားသည်ဟု သိရသည် ။

12 Jun 2018     1,221 Views




RELATED

Most Popular of Special or Others

Most Popular of NEWS