BEC-TERO TV

ထူးဆန်းတဲ့ ‘တို့ဆေး’ နဲ့ တာမွေမှာ မကြာခဏလုယက်ခံနေရ

13 Jun 2018     1,496 Views


တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ သမိန်ဗရမ်းလမ်းပေါ်က နေအိမ်တိုက်ခန်းတစ်ခု၏ လှေကားရင်းတွင် သန့်သန့်ပြန့်ပြန်ဝတ်ဆင်ထားသော လူငယ်တစ်ဦး ပုံရက်သား လဲကျနေသည့်အတွက် တိုက်ခန်းနေသူများ အထိတ်တလန့်ဖြစ်ကာ 911 သို့ ဖုန်းခေါ်ဆို အကြောင်းကြာခဲ့ရသည့် ဖြစ်ရပ်တစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

လူမှုကွန်ယက်ပေါ်တွင် Aung Khin Zaw အကောင့်ပိုင်ရှင်၏ ဓါတ်ပုံများနဲ့တစ်ကွ ရေးသားမှုအရ “အခြောက်ဆေး” (အရပ်အခေါ်) ထူးဆန်းသော ‘တို့ဆေး’ တစ်မျိုးကြောင့် မေ့မျောနေစဉ် ပါလာသမျှအကုန် ယူသွားခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

ဖြစ်စဉ်အမှန်ကို မသိရှိရသေးသော်လည်း ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးများ နတ်ချောင်းရပ်ကွက်အတွင်း အခုတစ်လော ဖြစ်ပွားလျှက်ရှိသည်ဟု ဖော်ပြထားပါတယ်။
ပြည်သူများအနေနဲ့ သွားလာရာတွင် သတိထားနိုင်ရန် မူရင်းရေးသားသူ၏ ဖော်ပြချက်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

***********************

စောစောစီးစီး ကျွန်တော်တို့ တိုက်လှေကားရင်းမှာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေသော ပုဂ္ဂိုလ်တစ်ယောက် ရောက်နေလို့ 119 ကိုဖုန်းဆက်လိုက်ရပါတယ်ခင်ဗျ။ ကိုယ့်တိုက်ကလည်းမဟုတ် ကျွန်တော်တို့ရပ်ကွက်ကလည်း မဟုတ်ဖူးခင်ဗျ။ လဲနေတဲ့ပုဂ္ဂိုလ်ဆီမှာလည်း အုပ်ကြီးနှင့်ရဲမှူးရှာကြည့်တော့ ပိုက်ဆံအိပ်အခွံရယ် မှတ်ပုံတင်ရယ်ပဲ တွေ့ရပါတယ် အသက်ကမသေသေးဖူးခင်ဗျ။

လူနာတင်ယာဉ်ရောက်ပြီး ဆေးရုံခေါ်သွားတဲ့အထိ အသက်ရှုပြီးပါသွားပါတယ်၊ အုပ်ကြီး ပြောတာတော့ ပြီးခဲတဲ့တစ်ရက်ကလည်း နတ်ချောင်း၂ လမ်းထိပ်၊ ၃ လမ်းထိပ် ကုန်းပေါ်မှာ ၃ ယောက် တစ်ယောက်တစ်နေရာစီ အဲဒီလိုလဲနေလို့ ရဲအကြောင်းကြား ဆေးရုံပို့ပြီးပြီတဲ့။
 

တစ်ချို့သိတဲ့လူတွေက အဲဒါ “အခြောက်ဆေး” မိတာလို့ပြောကြတယ်၊ အဆန်းတကြယ်ပါပဲ။ ကျွန်တော်အသက် ၅၀ မှာ “အခြောက်ဆေး” ဆိုတာ ဒီတစ်ခါ ပထမဆုံးအကြိမ် ကြားဖူးတာပါ အရက်မူးတာလည်းမဟုတ်၊ ဆေးမူးတာလည်းမဟုတ်၊ အခြောက်ဆေးတဲ့။

သူက အဲလိုလောကနဲ့ အဆက်အသွယ်ပြတ်ပြီး ရှိတာအကုန် အခြောက်က မ,ပါတယ်တဲ့၊ အခုဆရာက မှတ်ပုံတင်ချန်ထားပေးလို့ တော်သေးတယ်တဲ့။ ကျွန်တော်တို့တိုက်က လမ်းမတန်း ကားဂိတ်တည့်တည့်ဆိုတော့ တိုက်လှေကားသော့ခတ်ဖို့ သော့တစ်ချောင်းစီပေးလည်း မခတ်ကြဖူးခင်ဗျ။
အခုလူကမသေလို့ သေရင်လှေကားခြေရင်းမှာ ဘယ်လောက်ဆိုးမလည်းဗျာ တွေးသာကြည့်ကြပါ။ အဲဒီတော့ ၆၅ သမိန်ဗရမ်းမှာ နေသောသူများ လှေကားတံခါးကို သောခတ်ကြပါခင်ဗျား။ နတ်ချောင်းရပ်ကွက်ကမဟုတ်ပဲ ဒုက္ခလာလာပေးသော ဘေးမှလည်း နတ်ချောင်းရပ်ကွက်ကြီး ကင်းဝေးပါစေသတည်း။

သူ့မှတ်ပုံတင်အရ
အမည်။ ။ဖြိုးမင်းဝေ
အဖအမည်။ ။ဦးတင်မြင့်
နေရပ်။ ။ရခိုင် ရမ်းဗြဲ ကဟုသိရပါသည်။
 


13 Jun 2018     1,496 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS