BEC-TERO TV

ကျောင်းသူ ၁ ဦး ကျောင်းဝင်းအတွင်း ဓာတ်လိုက်ပြီး သေဆုံး

14 Jun 2018     1,848 Views


ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မင်းဘူးမြို့နယ် ရွှေရောင်တော်ကျေးရွာ အထက (ခွဲ)ဝင်း အတွင်း အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး ဓါတ်လိုက်သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးက စတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က ကျောင်းသူ မမူမူခိုင် အသက် (၁၂)နှစ် သည် ကျောင်းရေသန့်စက်သို့ ဓါတ်မီးတိုင်မှ သွယ်တန်းထားသော ဝါယာကြိုးမှတဆင့် ဓာတ်လိုက်ခဲ့ပြီး လည်ပင်းညိုမဲ၊ ပွန်းခြစ်ဒဏ်ရာဖြင့် အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ပြီး လက်ရှိတွင် မင်းဘူးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးနေသည်ဟု ဖော်ပြထားသည်။
 


14 Jun 2018     1,848 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS