BEC-TERO TV

သွေးနုသဖြင့် သွေးလန့်ပြီးတိုက်ပေါ်မှခုန်ချရာ မွေးကင်းစကလေးသေဆုံး

15 Jun 2018     1,223 Views


ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်က အသက် ၃၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး သွေးလန့်ပြီး တိုက်ပေါ်မှ ခုန်ချရာ မွေးကင်းစကလေးငယ်သေဆုံးသွားရသည်ဟု သိရသည် ။
 
ဖြစ်စဉ်မှာ ဒဂုံမြို့ သစ် ( ဆိပ်ကမ်း ) မြို့ နယ် ( ၉၂ ) ရပ်ကွက် ပထမထပ် အမြင့် ၂၅ ပေခန့်ရှိ ဝရန်တာကနေ မ ----- အသက် ( ၃၈ ) နှစ်က ခုန်ချခဲ့ခြင်းဖြစ်သည် ။ အဆိုပါ အမျိုးသမီးသည် ၎င်းမွေးခဲ့ရသော အမည် မပေးရသေးသည့် (၁၂)ရက်သား မိန်းကလေးအား ရင်ခွင်ပိုက်ပြီး ခုန်ချခဲ့ရာမှ (၁၂)ရက်သား မိန်းကလေးမှာ ဦးခေါင်းပွန်းပဲ့ဒဏ်ရာ ရရှိ၍ ယင်းနေရာမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်
 
" ခုန်ချခဲ့သူ အမျိုးသမီးမှာလည်း ဝဲခြေသလုံးပေါက်ပြဲ၊ ခါးနာကျင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ကလေးမွေးပြီးစ သွေးနုချိန်တွင် သွေးလန့်၍ ခုန်ချခြင်းဖြစ်ကြောင်း " ဟုအကုန်သိသတင်းတွင် ရေးသားဖော်ပြထားပါသည် ။
 
ယင်းဖြစ်စဉ်ကြောင့် တိုက်ပေါ်မှနေ၍ မွေးကင်းစကလေးနှင့်အတူ ခုန်ချခဲ့သော မ - - - အား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၄၅၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ 

15 Jun 2018     1,223 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS