BEC-TERO TV

မက္ကဆီကိုအသင်းက လက်ရှိချံပီယံ ဂျာမဏီအသင်းကို အနိုင်ယူ

18 Jun 2018     1,422 Views


လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီသည် အဖွင့်ပွဲတွင် မက္ကဆီကိုအသင်းမှ လိုဇာနို၏ ၃၅ မိနစ်တွင် သွင်းယူသောဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် အုပ်စုမှ နောက်တစ်ဆင့်တက်ရေး ဆွီဒင်နှင့် တောင်ကိုရီးယားကို အနိုင်ကစား ရမည့် ဖိအားများရှိသွားသည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြောက်ကြိမ်စလုံးတွင် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သော မက္ကဆီကိုသည် ယခုသမိုင်းဝင်နိုင်ပွဲနှင့်အတူ တစ်ပွဲကန်ပြီးချိန်တွင် အုပ်စုဗိုလ်နေရာကို ရယူ ထားသည်။ မက္ကဆီကိုအသင်း သည် အင်တိုက်အားတိုက်နှင့် ရေကုန်ရေခန်း ကစားခဲ့ပြီးနောက် လက်ရှိချန်ပီယံကို တန်ပြန်တိုက်စစ်များဖြင့် ဒုက္ခပေးခဲ့ပြီး ကမ္ဘာ့ဖလားကို လှုပ်ခတ်စေမည့်ရလဒ် ရယူခဲ့သည်။

ဂျာမနီသည် မက္ကဆီကို၏ တန်ပြန်တိုက်စစ်ကို မထိန်းချုပ် နိုင်ဘဲ ဒုတိယပိုင်းမိနစ် ၆၀ ကျော် ကစ၍ တိုက်စစ်မှူးများဖြစ်သော မာကိုရူးစ်၊ ဂိုမက်ဇ်နှင့် ဂျူလီယန် ဘရန့်တို့ကို ထပ်မံထည့်သွင်း ကစားခဲ့သော်လည်း ပွဲရလဒ်ကို မပြောင်းလဲနိုင်ခဲ့ပေ။ ဂျာမနီအ တွက် ဂိုးရရှိရန် အနီးစပ်ဆုံးမှာ ပွဲပြီးခါနီး ၈၉ မိနစ်တွင် ဂျူလီယန် ဘရန့်၏ ကန်ချက်တိုင်ထိ၍ထွက် သွားခြင်းဖြစ်သည်။

မက္ကဆီကိုဂိုးသမား အိုချိုအာ အမှားအယွင်းမရှိဘဲ လက်စွမ်းပြခြင်းကြောင့်လည်း ဂျာမနီဂိုးရရန် ခက်ခဲခဲ့သည်။ တိုရီခရုဇ်၏ အလွတ်တည်ကန်ဘောကို အိုချိုအာက ပုတ်ထုတ်နိုင်ခဲ့သည်။

ဂျာမနီသည် ၂၀၁၀ က အီတလီ၊ ၂၀၁၄ က စပိန်တို့နှင့် အတူ ချန်ပီယံဘွဲ့ကို ကာကွယ်ရာ တွင် ပထမဆုံးပွဲ ရှုံးပွဲကြုံသော သုံးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာခဲ့သည်။ ဂျာမနီသည် ဂိုးပေါက်တည့်သော ကန်ချက်ကိုးကြိမ်နှင့် တိုင်ထိထွက်ခြင်း နှစ်ကြိမ်ရှိခဲ့ပြီး မက္ကဆီကိုက ဂိုေးပါက်တည့်သော ကန်ချက် လေးကြိမ်တွင် တစ်ဂိုးရရှိခဲ့သည်။

“ကျွန်တော်တို့ အရမ်းပျော် ပါတယ်။ အသည်းအသန်ပြေး လွှား ကစားခဲ့ပြီး ဒါဟာအားလုံး ကြိုးစားခဲ့သမျှရဲ့ ရလဒ်ဖြစ်ပါ တယ်” ဟု အနိုင်ဂိုးရှင် ပီအက်ဗွီ တိုက်စစ်မှူး ဟာဗင်လိုဇာနိုက ပြောသည်။

ယခုနိုင်ပွဲမှာ မက္ကဆီကိုပြည် သူအားလုံးကို ရည်ရွယ်ပြီး ဂျာမနီ နှင့်ပွဲအတွက် တောင်ပံနှစ်ဖက်မှ အမြန်ဆုံး ကစားသမားနှစ်ဦးကို ရွေး၍ ကောင်တာမှတစ်ဆင့် ဂိုးရရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မက္ကဆီကိုနည်းပြကပြောသည်။

7DayDaily
 


18 Jun 2018     1,422 Views




RELATED

Most Popular of Football

Most Popular of Sport