BEC-TERO TV

ပိုက်ဆံလာချေးသူက ငွေမချေးပေးသည့်အမျိုးသမီးကို ခုတ်သတ်မှုဖြစ်ပွား

18 Jun 2018     1,213 Views


ဇွန်လ ၁၆ ရက်နေ့ လှည်းကူးမြို့ နယ်တွင် ငွေချေးရာမှ စကားများပြီး ငွေလာချေးသူအမျိုးသားက ငွေချေးပေးသူအမျိုးသမီးကို ဓားနှင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည် ။
 
ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် ကြက်မွေးမြူရေးလုပ်ငန်းပိုင်ရှင် ဦး ----- ၏ ချွေးမ ------- ထံသို့ ရဲစိုးဦးဆိုသူက ငွေကျပ် ၃ သိန်း လာရောက်ငွေချေးခဲ့သည် ။ ဒါပေမဲ့ ချွေးမက မချေးပေးနိုင်ကြောင်း ရိုင်းပြစွာပြောဆိုသဖြင့် ဒေါသမထိန်းနိုင်ဘဲ ယင်းအမျိုးသမီးအား တွန်းလဲကာ အသင့်ပါလာသောဓားဖြင့် လေးငါးချက် ခုတ်ခဲ့ကြောင်းသိရသည် ။
 
 
ကြက်ခြံအလုပ် သမားဖြစ်သူတို့က ၄င်း၏ချွေးမ ဖြစ်သူမှာ ဒဏ်ရာများရရှိကာ လဲ ကျနေကြောင်း ပြောပြသိရှိရသဖြင့် ခြံသို့ပြန်လာပြီး ကြည့်ရှုခဲ့ရာ ချွေးမ ဖြစ်သူတွင် နဖူး၊ လည်ကုပ်၊ ဝဲ လက်မောင်းနှင့် ပေါင်တို့တွင် ဓား ခုတ်ဒဏ်ရာများရရှိကာ သေဆုံးနေသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးအောင်ပြုလုပ်သူအားအရေး ယူပေးရန် တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း၌ (ပ) ၆၂၈/ ၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ၃ဝ၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းခဲ့သည်။
 

18 Jun 2018     1,213 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS