BEC-TERO TV

သုံးဘီးနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ၁ ဦးသေ ၄ ဦးဒဏ်ရ

19 Jun 2018     1,462 Views


ဇွန်လ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် မော်လမြိုင် ဂွေးကုန်းလမ်းဝတွင် သုံးဘီးနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံး ၄ ဦးဒဏ်ရာရ ခဲ့သည်ဟု သိရသည် ။
 
 
ဖြစ်စဉ်မှာ မော်လမြိုင် မုဒုံသွားလမ်းမကြီးပေါ် ဂွေးကုန်းရပ် ဂွေးကုန်းလမ်းဝနားတွင် ညဈေးသို့လာသည့် အမျိုးသမီးတစ်ဦး ကလေး ၂ဦး စီးလာသော သုံးဘီးဆိုင်ကယ်နှင့် အမျိုးသား ၂ ဦးစီးလာသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်မှုဖြစ်ပွားခဲ့ပါသည် ။
 
 
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးမှ တစ်ဦး သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦး ၊ အမျိုးသမီးတစ်ဦး နှင့် ကလေး ၂ ဦးတို့က ဒဏ်ရရှိသောကြောင့် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တို့ပူပေါင်းကာ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူကို မောလမြိုင်ဆေးရုံကြီး ရင်ခွဲရုံသို့ မော်လမြိုင်လူမှုဆယ်ဆယ်ရေးအဖွဲ့ မှ ကူညီပို့ဆောင်ခဲ့သည် ။

19 Jun 2018     1,462 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS