BEC-TERO TV

အကြွေးတောင်းသူကို မကျေနပ်သဖြင့် ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

20 Jun 2018     1,273 Views


ဇွန်လ ၁၈ ရက်နေ့တွင် ညောင်လေးပင်မြို့ နယ်၌ တစ်ရွာတည်းနေသူအချင်းချင်း အကြွေးကိစ္စဖြေရှင်းရာမှ အချင်းချင်းစကားများပြီး ဓါးဖြင့်ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည် ။
 
 
ဖြစ်စဉ်မှာ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မအေးအေးခိုင် ၄၂ နှစ်သည် တစ်ရွာတည်းနေ သန်းဇော်လင်း ၂၃ နှစ်ထံမှ အော်ဟစ်ဆဲဆိုကာ အကြွေးတောင်းသဖြင့် မကျေမနပ်ဖြစ်ကာ အသင့်ပါလာသော အရိုးအသွား ၁၁ လက်မရှိ စတီးဓားဖြင့် မအေးအေးခိုင် နောက်ကျောဘက်မှ ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ 
 
 
ယင်းသို့ ဓားဖြင့်အထိုးခံရမှုကြောင့် မအေးအေးခိုင်သည် နေရာတွင်ပင် သေဆုံးသွားခဲ့သည့်အတွက် ခင်ပွန်းဖြစ် သူမှ ညောင်လေးပင်မြို့မ ရဲစခန်းတွင် တရားလိုပြုလုပ်တိုင်းကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူ သန်းဇော်လင်းအား ဇွန် လ ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းမိခဲ့သည် ။
 
 
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ သန်းဇော်လင်းအား ညောင်လေးပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ဖမ်း ဆီး အရေးယူဆာင်ရွက်လျက်ရှိ ကြောင်း သိရသည် ။

20 Jun 2018     1,273 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS