BEC-TERO TV

ချစ်သူနှင့် အဆင်မပြေသဖြင့် မိမိကိုယ်ကိုမီးရှို့ ပြီး သေကြောင်းကြံစည်

20 Jun 2018     1,268 Views


ဇွန်လ ၁၉ ရက်နေ့တွင် Facebook ချစ်သူနှင့် အပြင်မှချိန်းတွေ့ ရာ အဆင်မပြေသဖြင့် မိမိကိုယ်ကို ဓာတ်ဆီမီးလောင်းပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည် ။
 
 
ပြစ်စဉ်မှာ ရှမ်းပြည်နယ် နောင်ချိုမြို့ နယ်မှ ဝက်ဝံကျေးရွာနေ ညီညီအောင် (၃၄) နှစ်က ၎င်းနှင့် Facebook တွင် တွေ့ဆုံခဲ့သည့် မှန်တန်းရပ်ကွက် တိုးချဲ့ (၃) တွင် အိမ်ငှားနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မ---- အား လာရောက်တွေ့ဆုံရာ မပြေလည်သဖြင့် မိမိကိုယ်ကို ဓာက်ဆီလောင်းမီးရှို့၍ သေကြောင်းကြံစည်ခဲ့သည် ။
 
 
ပြည်သူများက ဝိုင်းဝန်းကူညီပြီး မီးငြိမ်းသတ်ကာ  မေတ္တာမြင့်မိုရ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် အမရပူရမြို့မဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့နယ်ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေပြားဌာနသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မိမိကိုယ်ကို သေကြောင်းကြံရွယ်သူ တရာခံမှာ အရေပြားမီလောင်ဒဏ်ရာရရှိပြီး ရဲစခန်းက မိမိကိုယ်ကိုသေကြောင်းကြံမှုဖြင့် အမှုဖွင့်အရေးယူထားသည် ။

20 Jun 2018     1,268 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS