BEC-TERO TV

ဆီးကျောက်တည်ခြင်းကို ဒီနည်းလမ်းနဲ့ အပြီးတိုင်နှုတ်ဆက်လိုက်ပါ

20 Jun 2018     2,881 Views


ကျန်းမာရေးစစ်တမ်းများအရ အရွယ်ရောက်ပြီးသူ သုံးဦးတွင် တစ်ဦးက ဆီးကျောက်တည်သည့် ဝေဒနာခံစားနေရတယ်လို့ တွေ့ရှိနေရပါတယ်။ ဆီးကျောက်တည်ခြင်းကြောင့် သေဆုံးရတဲ့ လူအရေအတွက်ဟာ ရင်သားကင်ဆာ၊ ပရော့စတိတ်ကင်ဆာကြောင့် သေဆုံးရသူတွေထက် ပိုပြီးများပြားလာနေတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးနေပါပြီ။
 
ဆီးကျောက်ဆိုတာ..?

မာကျောတဲ့ အစိုင်အခဲလေးတွေ ကျောက်ကပ်ထဲမှာ တည်ရှိနေတာဖြစ်ပါတယ်၊ ဒီကျောက်တွေဟာ ကျောက်ကပ်ကို အကြီးအကျယ် ထိခိုက်ပျက်ဆီးစေပါတယ်။ အဲဒီကျောက်တွေဟာ ဆီးထဲမှာပါတဲ့ သတ္တုဓါတ်တွေနဲ့ ဆားအက်ဆစ်တွေ ကနေ ပုံဆောင်ခဲဖြစ်ပြီး ကျောက်ကပ်မှာ တွယ်ငြိနေတာ ဖြစ်ပါတယ်။
 
ဒါဟာ အသားစားနှုန်းများပြီး အသီးအရွက်ကို လုံလောက်စွာ မစားသုံးတာတွေ၊ ရေသောက်တာနည်းပြီး အရည်ဓါတ်ခမ်းခြောက်စေတာတွေကနေ ဒီလိုကျောက်တည်တာတွေ ဖြစ်လာတာဖြစ်ပါတယ်။

ဆီးကျောက်တည်ဝေဒနာခံစားရသူတွေဟာ ဆီးကျောင်ပမာဏနဲ့ အကြီးအသေးအလိုက် ဆီးသွားတဲ့အခါ နာကျင်မှုဝေဒနာကို အဆုံးစွန်ထိ ခံစားရပြီး ဆီးစွန့်ရတာလည်း ခက်ခဲပင်ပန်းလွန်းပါတယ်။ ဆီးကျောက်တွေကို ကုစားပေးနိုင်တဲ့ အဓိကအရာကတော့ ပိုတက်စီယံ စီထရစ် ဖြစ်ပါတယ်။ လတ်တလော သုတေသနပြုလေလာထားချက်အရ သံပယိုသီးထဲမှာ သဘာဝအတိုင်း စီထရစ်များ ပြည့်ဝစွာပါရှိတဲ့အတွက် ဆီးကျောက်အတွက် သင့်တော်တဲ့ အသီးတစ်ခုဖြစ်ကြောင်း ဆေးပညာရှင်တွေ တစ်ညီတစ်ညွတ်ထဲ ထောက်ခံထားကြပါတယ်။
 
ဆရာဝန်တွေနဲ့ ဆေးဘက်ကျွမ်းကျင်ပညာရှင်များက သံပယိုသီးဖျော်ရည်ဟာ ဆီးကျောက်မတည်အောင် ကာကွယ်ချင်သူတွေရော ဆီးကျောက်တည်နေသူတွေ အတွက်ပါ အစွမ်းထက်တဲ့ သဘာဝဆေးတစ်ခွက်ဖြစ်ကြောင်း အသိမှတ်ပြုခဲ့ပြီး ဒီနည်းလမ်းကို သံပယိုသီးကုထုံး အဖြစ် ခေါ်ဆိုနေကြပါပြီ။

 

စီထရစ်ဓါတ်က ကျောက်တည်ခြင်းကို ဘယ်လိုကာကွယ်ပေးလဲ..?
 
စီထရစ်ဟာ ဆီးကျောက်ပုံဆောင်ခဲ ဖြစ်တည်မှုကို အဟန့်အတားဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ကျောက်အသေးလေးများကိုလည်း ကြွေအောင် ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဆီးထဲမှာ စီထရစ်အက်ဆစ်ဓါတ် များလေလေ ကျောက်တည်နိုင်စွမ်းမရှိအောင် ကာကွယ်ပေးလေလေ ဖြစ်ပါတယ်။ စီထရစ်အက်ဆစ်က ဆီးကနေ ကျောက်ဖြစ်ခွင့်ကို ဟန့်တားပေးနိုင်ပါတယ်။
 
ကျောက်တည်နေတဲ့ သူတွေအတွက်လည်း နောက်ထပ် ကျောက်ထပ်မတည်နိုင်အောင် အပေါ်ကအလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ထားပေးလို့ ကျောက်အသစ် ထပ်မဖြစ်နိုင်တော့ပါဘူး။
 
သံပရာသီးနဲ့ သံပုယိုသီးမှာ ဒီလိုအစွမ်းထက်တဲ့ စီထရစ်အက်ဆစ်ပြည့်ဝစွာပါရှိပါတယ်။ ကျောက်တည်တာကို ကုသတဲ့ ပိုတက်စီယံ စီထရစ်ပါဝင်တဲ့ ဆေးတွေဟာ စျေးကြီးပြီး တစ်နေ့ကို ၁၂ လုံးလောက်ထိ သောက်ရတတ်ပါတယ်။ ဒါကြောင့်မို့ ပိုက်ဆံလဲမကုန် အကျိုးသက်ရောက်မှုလည်း အားကြီးတဲ့ သံပုရာ/သံပယိုသီးနဲ့ ကျောင်ကြွေအောင် ကျောက်ထပ်မတည်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။
 
သံပုရာ/သံပုယို နည်းလမ်း

သံပုရာ/သံပုယို အရည်စစ်စစ် (ဘာမှမရောထား) ကို တစ်နေ့မှာ ၄ အောင်စ သောက်သုံးရမှာ ဖြစပါတယ်။ အကယ်၍ ပြုပြင်ထားပြီးသား သံပုရာ/သံပုယိုရည်ဆိုရင်တော့ တစ်နေ့မှာ ၃၂ အောင်စ သောက်သုံးရမှာဖြစ်ပါတယ်။
 
အကောင်းဆုံးရောစပ်နည်းကတော့ သံပုရာ/သံပုယိုရည် ၂ အောင်စကို ရေ ၆ အောင်စနဲ့ရောပြီး မနက်တစ်ကြိမ် သောက်ပါ၊ ညနေပိုင်းမှာလည်း သံပုရာရည် ၂ အောင်စနဲ့ ရေ ၆ အောင်စ ရောစပ်ပြီး တစ်ကြိမ်ထပ်သောက်ပါ။ ဆီးကျောက်ကြွေတာ၊ ဆီးကျောက်မဖြစ်အောင် တားဆီးတာတွေကို သိသိသာသာ လက်တွေ့ခံစားရလာပါလိမ့်မယ်။
 
ဒီနည်းလမ်းလေးက တစ်ကယ်အသုံးဝင်တယ်ဆိုရင် အခြားသူတွေလည်း သိရှိသွားအောင် မျှဝေခြင်းနဲ့ လက်ဆင့်ကမ်းပေးပါဦး။

 


20 Jun 2018     2,881 Views




RELATED

Most Popular of Health Fix

Most Popular of Life Style