BEC-TERO TV

သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားများကိုမန္တလေးတွင် ဖမ်းမိ

21 Jun 2018     1,239 Views


ဇွန်လ ၁၉ ရက်နေ့ မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် အနှိပ်တော်ရပ်ကွက်တွင် ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည် ။
 
ဖြစ်စဉ်မှ နေ့လည်(၁၂)နာရီခွဲ အချိန်က မန္တလေးမြောက်ပိုင်းမူးယစ်တပ်ဖွဲ့စု ၁၇မှ ရဲအုပ်စိုင်းစံမြင့်၏အဖွဲ့ က အအေးဆိုင်တစ်ခုတွင် မူးယစ်ဆေးဝါးရောင်းချရန်ရှိကြောင်း သတင်းရရှိသဖြင့် အသိသက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ဆိုင်အတွင်းလူတစ်ယောက်ဝင်လာပြီး ထိုင်နေစဉ် ရဲများက ဝင်ရောက်စစ်ဆေးကြည့်ရာ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည် ။
 
မူးယစ်ဆေးဝါးရောင်းချရန် ရောက်လာသူမှာ အောင်မျိုးခန့် ဆိုသူဖြစ်ပြီး အနက်ရောင်လေးလွယ်အိတ်မှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားပါ (၁၁၀)ထုပ်အလေးချိန်(၂.၂)ကီလိုဂရမ်ခန့် တန်ဖိုးငွေသိန်း (၁၁၀၀၀၀၀၀၀) ရှိပြီး တဆင့်ပြန်လည်ရောင်းချရန်ယူလာသည့်ဆေးပြားများဖြစ်သည် ။ ဆက်လက်စစ်ဆေးကြရာ ၂၇×၆၉လမ်းဒေါင့်ရှိ ဟိုတယ်အခန်းအမှတ်(  ) တွင် ကျော်မင်းသက်၊ မျိုးကိုကိုတို့နှင့်အတူ တည်းခိုနေထိုင်ကြောင်း စစ်ဆေးသိရှိရသဖြင့် နေ့လည်-၁နာရီခန့်က သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများမတွေ့ရှိသော်လည်း ကျော်မင်းသက် ကားပါကင်တွင် ရပ်ထားသည့် MDY 9D/__ TOYOTA SUCCEED အဖြူ ရောင်မော်တော်ယာဉ်မှာ ထိုသူသုံးဦးစီးနင်းလာသည့် မော်တော်ယာဉ်ဖြစ်သဖြင့် သိမ်းဆည်းခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
 
အဆိုပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ် တွေ့ရှိသူ အောင်မျိုးခန့်(၂၇)နှစ် (ရွာတန်းရွာ)၊ မျိုးကိုကို (၂၅)နှစ်၊ ကျော်မင်းသက်(၄၀)နှစ် (ကျည်တောက်ပေါက်ကျေးရွာ) နေထိုင်သူများကို အမှတ်(၁)နယ်မြေရဲစခန်းမှ
(ပ)၄/၂၀၁၈၊မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

21 Jun 2018     1,239 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS