BEC-TERO TV

ပြိုင်ဘက်ကို (၃)ချီအတွင်း အနိုင်ယူမည်ဟု အောင်လအန်ဆန်း ကတိပြု

25 Jun 2018     1,401 Views


လာမည့် ဇွန်လ (၂၉)ရက် သောကြာနေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံအတွင်း ဝမ်းချံပီယံရှစ်မှ ကြီးမှူးကျင်းပမည့် “Spirit Of A Warrior” သိုင်းပေါင်းစုံပြိုင်ပွဲကြီးတွင် မြန်မာတို့ရဲ့ အသည်းကျော် အောင်လအန်ဆန်း (မြန်မာ့စပါးအုံး) က ပြိုင်ဘက်ဖြစ်သူ ဟာဆီဂါဝါ ကို ၃ ချီအတွင်း အလဲထိုးကာ အနိုင်ယူသွားမည်ဖြစ်ကြောင်း တစ်နှစ်တာအတွက် အကောင်းဆုံး မြန်မာ့အားကစားသမားများကို ရွေးချယ်ဆုပေးတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အောင်လအန်ဆန်းနဲ့ ယှဉ်ပြိုင်မည့် ကန်ဟာဆီဂါဝါ ဟာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း သိုင်းပေါင်းစုံကစားသမားတစ်ဦးဖြစ်တာကြောင့် ပထမအချီမှာတင် ပွဲသိမ်းဖို့ မလွယ်ကူကြောင်း၊ ဒါပေမယ့် အမေရိကန်နိုင်ငံရှိ အားကစားရုံမှာ တစ်နေ့နှစ်ကြိမ် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားတာကြောင့် သူ့အနေနဲ့ အသင့်ဖြစ်နေပြီး ၃ ချီအတွင်းမှာ အလဲထိုးအနိုင်ယူသွားမည်ဖြစ်ကြောင်း၊ ကန်ဟာဆီဂါဝါ ရဲ့ ကစားပုံကို ဗီဒီယိုများကြည့်ရှုကာ ကြိုတင်လေ့လာထားပြီး ဖြစ်သည့်အတွက် ယှဉ်ပြိုင်ထိုးသတ်မည့် နည်းပရိယာယ်များ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“Spirit Of A Warrior” ပွဲအတွက် တွဲဆိုင်းများ ထွက်ပေါ်လာပြီဖြစ်သည်။
လက်မှတ်များကို My AsiaTicket အခန်း(၇၀၃)၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ (၁)လမ်း၊ ဗဟန်မြို့နယ်။ ဖုန်း ၀၁ ၅၄၉၂၉၇ ၊ ၀၁ ၅၅၆၈၁၇ တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
 


25 Jun 2018     1,401 Views




RELATED

Most Popular of Boxing

Most Popular of Sport