BEC-TERO TV

ကလေးများအတွက် လှိုဏ်ဂူထဲသို့ ၄ လစာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းများ ပို့ဆောင်မည်

03 Jul 2018     1,367 Views


ထိုင်င်းနိုင်ငံ မယ်ဆိုင်ရှိ ထမ်လောင်းလှိုဏ်ဂူထဲတွင် ၁၀ ရက်ကြာ ပျောက်ဆုံးခဲ့သော ကလေး ၁၂ ဦးနဲ့ နည်းပြ ၁ ဦးတို့ကို တနင်္လာနေ့ ညဦးပိုင်းက ရေများပြည့်လျှံနေသော ဂူ၏အတွင်းဘက်အကျဆုံးနေရာတွင် အသက်လျှင်လျက် ပြန်လည်တွေ့ရှိခဲ့ရသော်လည်း အပြင်ကို ပြန်ထွက်လာနိုင်ဖို့ကိုတော့ အချိန်ကာလတစ်ခု ယူရဦးမှာဖြစ်ပါတယ်။

ရေငုတ်သမားတွေဟာ အရမ်းကျဉ်းမြောင်း မှောင်မဲနေပြီး ရေတွေပြည့်နေတဲ့ နေရာကို ဖြတ်ပြီးမှ သူတို့ကို ပြန်ရှာတွေခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာကနေ ဂူဝအထိကို ၄ ကီလီုမီတာ အကွာဝေးရှိနေပါတယ်။

လက်ရှိအခြေအနေမှာ အင်အားချိနဲ့နေတဲ့ ကလေးတွေကို ပုံမှန်အတိုင်းပြန်လည်ကျန်းမာလာအောင် အရင်လုပ်ဆောင်ကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အဟာရပြန်လည်ဖြည့်တင်းရေး ပစ္စည်းတွေနဲ့ ဆေးဝါးအထောက်အပံ့တွေကို ကလေးတွေရှိနေတဲ့ နေရာကို အင်္ဂါနေ့ (ယနေ့) ပို့ဆောင်မှာဖြစ်ပါတယ်။

အားလုံးက အခုချက်ချင်းကြီးလားလို့ မေးရင် ကျွန်တော်တို့ အဘက်ဘက်ကနေ ချင့်ချိန်ကြည့်ပြီးပါပြီ ကလေးတွေ ချက်ချင်း အိမ်ပြန်နိုင်ကြဦးမှာမဟုတ်ပါဘူး” လို့ မြို့တော်ဝန် Narongsak Osottanakorn က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ကျန်းမာရေးအဖွဲ့တွေကို ညတွင်းချင်းသူတို့ရှိနေတဲ့နေရာကို စေလွှတ်ထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခိုင်းထားပါတယ်၊ ကလေးတွေဟာ ဒဏ်ရာအသေးအဖွဲလေးတွေလည်း ရထားကြပါတယ်။

ကျန်းမာရေးအခြေအနေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အရောင်လေးတွေနဲ့ အုပ်စု ၃ ခုခွဲထားပါတယ်၊ အနီ၊ အဝါ၊ အစိမ်းပါ။ အနီကတော့ ဒဏ်ရာပြင်းထန်တာ၊ အဝါကတော့ အသင့်အတင့်ဒဏ်ရာရတာ၊ အစိမ်းကတော့ အသေးအဖွဲပေါ့။ တရားဝင်တော့မဟုတ်သေးဘူးပေါ့ မနေ့ကသိခဲ့ရတဲ့ အခြေအနေအရ ကျန်းမာရေးအနေအထားက အစိမ်းရောင်မှာ ရှိနေပါတယ်” လို့ ဆက်လက်ဖြေကြားခဲ့ပါတယ်။

ဖခင်တစ်ဦးက ကယ်ဆယ်ရေးသမားများအား ကျေးဇူးတင်ကြောင်းပြောနေပုံ


ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့ကို ကယ်ဆယ်လာပြီး အပြင်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီ လွှဲပြောင်းနိုင်အောင် ကြိုးစားနေပါတယ်။ နာမကျန်းဖြစ်တာနဲ့ ရောဂါပိုးမဝင်နိုင်အောင် ကာကွယ်ပေးမယ့် ကုထုံးတွေ လိုအပ်တယ်လို့ ဆရာဝန်တွေရဲ့ အကြံပေးထားပါတယ်။

အဲဒီ ၁၃ ယောက်အဖွဲ့အတွက် နောက်ထပ်လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေကို အနည်းဆုံး ၄ လစာလောက် ထပ်ပို့ပေးဖို့ပြင်ဆင်နေပါတယ်၊ ရေနည်းနည်း ထပ်ကျသွားတာနဲ့ ရေငုတ်သမားတွေနဲ့ ပိုဆောင်သွားမှာပါ” ဟု မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကလေးတွေအဖွဲ့ကို ဒီနေ့ချက်ချင်း အပြင်ခေါ်ထုတ်လာဖို့တော့ မဖြစ်နိုင်သေးပါဘူး လို့ဆိုပါတယ်။ ရှုပ်ထွေးလွန်းတဲ့ ကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ရှာဖွေမှုအပြီး ၁၀ ရက်မြောက်မှာ ဗြိတိသျှရေငုတ်သမားတွေက ကလေးတွေရှိတဲ့နေရာကို ဦးစွာတွေ့ရှိခဲ့ပြီး ၁၃ ယောက်လုံး အသက်ရှင်လျှက် တွေ့ခဲ့ပါတယ်။

သူတို့ကို အပြင်ပြန်ပြီး ခေါ်ထုတ်လာဖို့အတွက် အရင်ဆုံး ကျန်းမာအားအင်ပြည့်ဖြိုးအောင် လုပ်ဆောင်ရပါမယ်၊ ပြီးရင် ရေးကူးနည်း၊ ရေငုတ်နည်းတွေကို အချိန်တိုအမြန်သင်ကြားလေ့ကျင့်ပေးရဦးမှာပါ။ အလင်းရောင်နဲ့ မထိတွေတာကြာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ မျက်လုံးတွေ အလင်းနဲ့ကျင့်သားရအောင်လည်း လုပ်ဆောင်ပေးရဦးမှာပါ၊ ဒီအတွက် ခုချက်ချင်း ခေါ်ထုတ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ထမ်လောင်းဂူဟာ ၁၀ ကီလိုမီတာလောက်ရှည်လျားပြီး ထိုင်းငံထဲက အရှည်လျားဆုံး လှိုဏ်ဂူတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တည်နေရာကို ထောက်လှမ်းရတာအခက်ခဲဆုံးလဲဖြစ်ပြီး ဂူထဲမှာ အလွန်ကျဉ်းမြောင်းရှုပ်ထွေးတဲ့ လမ်းကြောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။

လှိုဏ်ဂူရဲ့အပြင်မှာတော့ မိုးတွင်းကာလဖြစ်တဲ့ ဇူလိုင်ကနေ နိုဝင်ဘာအတွင်း လှိုဏ်ဂူထဲမဝင်ကြဖို့ တားမြစ်ဆိုင်းဘုတ်ထောင်တားပါတယ်။

Ref:CNA


03 Jul 2018     1,367 Views




RELATED

Most Popular of International News

Most Popular of NEWS