BEC-TERO TV

ရန်ကုန်မြို့ပေါ်က သယ်ယူပို့ဆောင်းရေးစနစ်များ : Public Transport In Yangon

04 Jul 2018     1,891 Views


ရန်ကုန်မြို့ရဲ့ ပို့ဆောင်ဆက်သွယ်ရေးဟာ တစ်နေ့တစ်ခြား တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘတ်စ်ကားနဲ့ ရထားက ရန်ကုန်မြို့ရဲ့ အဓိကပို့ဆောင်ဆက်သွယ်ရေး စနစ်တွေဖြစ်ပြီး ရေကြောင်းကနေ ပြေးဆွဲနေတဲ့ Water Bus ကတော့ မကြာသေးမီကမှ စတင်ခဲ့တာဖြစ်ပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

YBS

ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားစနစ်ကို လမ်းကြောင်း တစ်ခုနဲ့တစ်ခု ချိပ်ဆက်သွားလာနိုင်အောင်စီစဉ်ထားပြီး နေရာအတော်များများကို ရောက်ရှိပါတယ်။
ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား ဝန်ဆောင်မှုကို Yangon Bus Service လို့ ခေါ်တဲ့ YBS ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကားတွေကို ၂၀၁၇ ခုနှစ်က အဆင့်မြှင့်တင်ခဲ့ပြီး အများစုမှာ လေအေးပေးစက်တွေ တပ်ဆင်ထားကြပါတယ်။

မော်တော်ယာဉ် လိုင်းပေါင်း ၉၄ လိုင်းထိရှိပြီး နံနက် ၅ နာရီကနေ ည ၉ နာရီထိ ရန်ကုန်မြို့တွင်းက နေရာအတော်များများကို လွယ်ကူစွာ သွားလာနိုင်ပါတယ်။ ယာဉ်စီးခအဖြစ် အများစုမှာ ၂၀၀ ကျပ် ပုံသေသတ်မှတ်ထားပြီး ရန်ကုန်မြို့ထဲသီးသန့်ပတ်ကား ၁၀၀ ကျပ်နှင့် အလှမ်းဝေးသောမြို့နယ်များကို ကျပ် ၃၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ယာဉ်စီးခများကို ယာဉ်မောင်းအနီးရှိ ပိုက်ဆံပုံးထဲတွင် ထည့်ရမှာဖြစ်ပြီး ပိုငွေပြန်မအမ်းသည့်အတွက် အကြွေဆောင်သွားဖို့တော့ လိုပါတယ်။

ရန်ကုန်မြို့ထဲမှာ လည်ပတ်ချင်သူတွေအတွက်တော့ နေရာအတော်များများက လမ်းလျှောက်သွားရုံနဲ့ ရောက်နိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။
YBS ယာဉ်လိုင်းတွေကို နယ်မြေအလိုက် အရောင် ၅ မျိုး (အပြာ၊ အညို၊ အစိမ်း၊ ခရမ်း၊ အနီ)နဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။

အပြာရောင် က မြောက်ပိုင်းမြို့နယ်တွေကို ပေးဆွဲပါတယ်။
ကားနံပါတ်တွေက (၁၊ ၁၁၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၃၅၊ ၃၆၊ ၃၇၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၆၁၊ ၆၈၊ ၆၉) တို့ဖြစ်ပါတယ်။

အညို ကတော့ ရန်ကုန်မြို့လည်မှာသာ ပြေးဆွဲပါတယ်။
ကားနံပါတ်တွေအနေနဲ့ (၅၆၊ ၅၇၊ ၅၈) တို့ဖြစ်ပါတယ်။

အစိမ်းရောင် ကတော့ အထင်ကရလမ်းမကြီးတွေကို ချိပ်ဆက်ပေးထားတာပါ။
ကားနံပါတ်တွေက (၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၆၀၊ ၆၂၊ ၆၆၊ ၆၇) တို့ပါ။

ခရမ်းရောင် က တောင်းပိုင်းမြို့နယ်တွေကို ပြေးဆွဲပါတယ်။
ကားနံပါတ်တွေက (၈၊ ၉၊ ၁၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၇၀) တို့ဖြစ်ပါတယ်။

အနီရောင် က အရှေ့ပိုင်းမြို့နယ်တွေပါ။
ကားနံပါတ်တွေက (၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၈၊ ၅၉၊ ၆၃၊ ၆၄) တို့ ဖြစ်ပါတယ်။

YBS အတွက် ထုတ်ထားတဲ့ မိုဘိုင်းအပလီကေးရှင်းတွေကတစ်ဆင့် မိမိသွားလိုတဲ့ လမ်းကြောင်းအလိုက် စီးရမည့် ကားနံပါတ်ကို ရှာဖွေစီးနင်းနိုင်ပါတယ်။ အပလီကေးရှင်းတွေက မြန်မာဘာသာနဲ့သာ ဖော်ပြထားတာကြောင့် နိုင်ငံခြားသားများအတွက် အနည်းငယ် အခက်တွေ့စေနိုင်ပါတယ်။

****************************

Transportation in Myanmar is getting better and better, Bus and train system are main modes of public transport in Yangon. Water Bus service is just started and still developing to attract more commuters.

YBS

Yangon Bus System has an extensive network of routes covering most places in Yangon. Yangon Bus Service also known as YBS. In 2017, there were an increasing number of air conditioned buses with route numbers in Latin.

photo:XinhuaMyanmar

There are 94 bus service numbers to different routes in Yangon. It’s run from early morning 5:00am till 9:00pm. Bus fare is quiet cheap about US$ 0.07(Ks 100) to 0.21(Ks300), depending on the bus number.

photo: 7DayDaily

Bus fare must put in the cashbox beside the driver seat, it’s also nonrefundable system so when you ride the YBS Buses, make sure to bring small change (e.g. Ks200 or Ks100 Note).

The downtown area in Yangon is walkable, and it is the best way to take in the sights.

 

There are five bus service number colors (Blue, Brown, Green, Purple and Red), each go to different regions in Yangon. So you should understand all the colors before getting on these buses.

 

Blue: North District Areas (Bus Numbers: 1, 11, 20, 21, 22, 23, 35, 36, 37, 39, 40, 41, 42, 61, 68, 69)

Brown: Downtown Areas (Bus Numbers: 56, 57, 58)

Green: Lines that connects with main roads (Bus Numbers includes: 43, 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 60, 62, 66, 67)

Purple: South District Areas (Bus Numbers: 8, 9, 10, 31, 32, 33, 34, 70)

Red: East District Areas ( Bus Numbers: 2, 3, 4, 5, 6, 7, 12, 13, 15, 16, 17, 18, 19, 24, 25, 26, 27, 28, 29, 30, 38, 59, 63, 64)

There are also have mobile applications for YBS service but almost all apps are in Burmese which provide locations and destinations also get suggestion bus number to take. So it might be a little difficult to use mobile apps for foreigners.

****************************

မြို့ပတ်ရထား

ရန်ကုန်မြို့တွင်း ဆက်သွယ်သွားလာနိုင်တဲ့ အခြားတစ်ခုကတော့ မြို့ပတ်မီးရထားဖြစ်ပါတယ်။ ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာတဲ့ မြို့ပတ်ရထားလမ်းဟာ ဘူတာ ၃၅ ခုကို ဆက်သွယ်ထားပြီး ခရီးအရှည် ၄၆ ကီလီုမီတာခန့်ရှိပါတယ်။
ရထားလက်မှတ်ခတွေကိုတော့ ၅၀ ကျပ်ကနေ ၃၀၀ ကျပ်ထိ သတ်မှတ်ထားပြီး လက်မှတ်များကို ကွန်ပျူတာကုဒ်စနစ်နဲ့ ရောင်းချပေးနေပါတယ်။

ဖြည်းဖြည်းမှန်မှန် သွားနေတဲ့ရထားပေါ်ကနေ ရန်ကုန်မြို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က မြင်ကွင်းတွေကို တစ်ဝကြီး ခံစားကြရမှာဖြစ်ပါတယ်။

****************************

Circle Line Train

Photo:NationMultimedia

Another second public transport in Yangon is Circle Line train. City train start from the Yangon Central railway station to the end point. There are 35 stations along the 46 kilometer commuter loop.

Photo:TheMyawadyDaily

Photo:Travelfish

 

Trains are also much better, cleaner and safer than past time. Ticket prices are also very cheap, (US$ 0.03 to 0.21) 50 Kyats to 300 Kyat depending on car classes.

Photo:TravelIntense

This slow moving isn’t a practical way to get around for visitors, but it can be seen behind the scene of Yangon.

****************************


Yangon Water Bus

ရန်ကုန်မြို့ရဲ့ ပိုဆောင်ဆက်သွယ်ရေးလုပ်ငန်းထဲကမှ အသစ်တစ်ခုဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ခရီးစဉ်များကို နေ့စဉ်ပြေးဆွဲပေးလျှက်ရှိပါတယ်။

Water Bus ကို ခရီးသည်တွေက လုပ်ငန်းကိစ္စတွေထက်စာရင် မိသားစုများအပမ်းဖြေ အပျော်သဘောအနေနဲ့ စီးနင်းသူ ပိုလို့များပြားပါတယ်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းနဲ့ အင်းစိန်ကို အပြန်အလှန်ပေးဆွဲနေပြီး ခရီးစဉ်တစ်လျှောက် ဆိပ်ကမ်း ၆ ခုရှိပါတယ်။

ပထမဦးဆုံး သင်္ဘောက နေ့စဉ်နံနက် ၇:၃၀ မှာ (ဗိုလ်တစ်ထောင်၊ အင်းစိန်) နှစ်ဖက်လုံးက ထွက်ခွာမှာဖြစ်ပြီး နောက်ဆုံး သင်္ဘောက ညနေ ၅:၄၅ မှာ ထွက်ခွာပါတယ်။ လက်မှတ်ခကတော့ နိုင်ငံသား ၃၀၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသားကတော့ ၁၂၀၀ ကျပ်ဖြစ်ပါတယ်။

Water Bus ပေါ်ကနေ လေကောင်းလေသန့်တွေကို ရှုရှိုက်ရင်း ရန်ကုန်မြို့ရဲ့အလှ၊ နေဝင်ဆည်းဆာအချိန်တွေကို မြစ်ကြောင်းထဲကနေ ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ နိုင်ငံခြားသားတွေ အကြိုက်တွေ့စေမှာ သေချာပါတယ်။

****************************

Yangon Water Bus

Yangon Water Bus is newly latest transport system in Yangon. People are ride water bus for fun and relax rather than commute for business because it is slower than bus. Water bus commute two destinations on one route (Botataung to Insein) daily.

The first vessel runs at 7:30 in the morning and last is 5:45 in the evening from both Botataung and Insein terminal daily. There are 6 jettys along the way which are start from Botahtaung jetty and end in Insein jetty.

Ticket price is cheap and it costs only US$0.86 (1200 Kyats). It will take about 3 hours start to end.

Along the way, breath fresh air, nice view of Yangon scene from the river and sunset in the evening. Foreigners will 100% love it.

 

Photo:YangonWaterBus


04 Jul 2018     1,891 Views




RELATED

Most Popular of Special or Others

Most Popular of Life Style