BEC-TERO TV

သီပေါမြို့ နယ်တွင် အမျိုးသားတစ်ဦး ကိုယ့်အိမ်ရှေ့ တခါးဝမှာအပစ်သတ်ခံရ

06 Jul 2018     1,277 Views


ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်း သာ ကျေးရွာအုပ်စု၊ စံလောင်းကျေးရွာတွင် အမျိုးသားတစ်ဦး ကိုယ့်ရဲ့နေအိမ်ရှေ့ တခါးမှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည် ။
 
ဖြစ်စဉ်မှာ လင်မယားနှစ်ဦး ညဘက်အတူနေအိမ်တွင် အိပ်နေချိန်၌ အိမ်ရှေ့ မှ အမျိုးသားနှစ်ဦး၏ ခေါ်သံကြားသဖြင့် ထွက်ကြည့်ရာ အမည်မသိ အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည် ။ သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် ဦးကျော်ဝင်းနိုင်တွင် ဝဲဘက်ရင်အုံ ပေါက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာဘက်နံဘေး ပေါက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဒူးခေါင်း ပေါက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိကာ နေအိမ်တဲတံခါးဝတွင် သေဆုံးသွားသဖြင့် သီပေါဆေးရုံသို့ ပို့ဆောင်ထားခဲ့သည် ။
 
 
“သူ့မိန်းမရဲ့ ပြောပြချက်အရ သူတို့လင်မယားနှစ်ယောက် အတူတူအိပ်နေတဲ့အချိန်မှာ အိမ်ရှေ့ကနေ အမျိုးသားနှစ်ယောက်ရဲ့ ရှမ်းလိုခေါ်သံကြားလို့ သူ့ယောကျာင်္းဖြစ်သူက မြေစိုက်နေအိမ်တံခါးကို ထ အဖွင့်မှာ သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတယ်။ ရှမ်းလိုခေါ်သံကလည်း သူ့နာမည် မဟုတ်ဘူး။ သူ့ မှာ လူမှုရေးပြဿနာတို့ ရန်ငြိုးရန်စတို့လည်း မရှိဘူးလို့ သူ့မိန်းမရဲ့ ပြောစကားအရတော့ သိရတယ်” ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သီပေါမြို့ မရဲစခန်းမှ (ပ) ၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည် ။

06 Jul 2018     1,277 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS