BEC-TERO TV

ဘောလုံးနည်းပြဖြစ်သူ လှိုဏ်ဂူထဲမှာ တစ်ဦးထဲကျန်နေခဲ့ဦးမည်

10 Jul 2018     1,314 Views


ထိုင်းနိုင်ငံ လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ (၁၃)ဦး အဖွဲ့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး ဂူအပြင်ကို ကယ်ထုတ်ခဲ့ရာမှာ အင်္ဂါနေ့(ယနေ့) နံနက်အထိ ကလေး ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ယနေ့မှာလည်း ကျန်ရှိနေသေးသူများကို ဆက်လက်ကယ်တင်မှာ ဖြစ်ပေမယ့် အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြဖြစ်တဲ့ ‘Ekaphol Chantawong’ ကတော့ နောက်ထပ် တစ်ညတာ လှိုဏ်ဂူထဲမှာ တစ်ယောက်ထဲ ကျန်နေခဲ့ဦးမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အကယ်၍ ဒီနေ့မှာ ကျန်နေသေးတဲ့ ကလေး ၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့မယ်ဆိုရင် ‘Ekaphol Chantawong’ အနေနဲ့ လှိုဏ်ဂူထဲမှာ နောက်ထပ်တစ်ည ထပ်နေရပါဦးမယ် ဘာကြောင့်လဲဆိုတော့ ရေငုတ်ကယ်ဆယ်တဲ့စနစ်မှာ တစ်ပြိုင်ထဲ အများကြီးကယ်ထုတ်နိုင်ပါတယ် ဒါပေမယ့် အခုအခြေအနေမျိုးမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုရင်တော့ တစ်ကြိမ်မှာ ၄ ယောက်က အကောင်းဆုံးပါပဲ” ဟု ကယ်ဆယ်ရေးခေါင်းဆောင် Narongsak Osattanakorn က ပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဂူအပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ ကလေး ၈ ယောက်ကို ဆေးကုသစစ်ဆးမှုတွေ ပြုလုပ်နေပြီး မိဘတွေအနေနဲ့ ကလေးတွေကို ကြည့်နေမြင်နေရရုံမှတစ်ပါး ထိတွေ့ခွင့် လုံးဝ ခွင့်မပြုထားသေးပါဘူး။ ကလေးတွေကို ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ကာ ထိမ်းသိန်းထားတဲ့ အခြေအနေရှိပြီး ကျန်းမာရေး လုံးဝ ကောင်းမွန်မှသာ လူချင်းပေးတွေ့မှာဖြစ်ပါတယ်။

မနေ့ညက ကယ်တင်ခဲ့မှုမှာတော့ ကလေးတွေကို ကယ်ထုတ်လာပြီးတဲ့နောက် ပတ်ဝန်းကျင်မှာ ဝိုင်းအုံလာမယ့်အခြေအနေကို ရှောင်းရှားလိုတဲ့အတွက် ဟယ်လီကော်ပတာနဲ့ သယ်ဆောင်သွားခဲ့ကြပါတယ်။
 


10 Jul 2018     1,314 Views




RELATED

Most Popular of International News

Most Popular of NEWS