BEC-TERO TV

ကလေး ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေ

10 Jul 2018     1,324 Views


ထိုင်းနိုင်ငံ မယ်ဆိုင် ထမ်းလောင်းလှိုဏ်ဂူထဲမှာ ပိတ်မိနေသူ ၁၃ ဦးထဲမှာ ကလေး ၈ ဦးကို ထိုင်းရေတပ်မတော်က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီးနောက် သူတို့အားလုံးကို ဆေးရုံပေါ်မှာ ကျန်းမာရေးစစ်ဆေး ကုသမှုများ လုပ်ဆောင်နေပါတယ်။

ဇူလိုင် ၁၀ ရက် (ယနေ့)မှာ ကျန်ရှိနေသေးတဲ့ ကလေး ၄ ဦးကို ထပ်မံကယ်တင်သွားမှာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြ ဖြစ်သူကတော့ လှိုဏ်ဂူထဲမှာ နောက်ထပ်တစ်ရက် ထပ်နေရဖို့ရှိနေပါတယ်။

ကလေးတွေထဲမှာ ရေမကူးတတ်သူတွေပါတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့က အစီစဉ်ပြောင်းကာ အောက်ဆီဂျင်များတပ်ဆင်ပြီး လှိုဏ်ခေါင်းရေအောက်ထဲကနေ ထမ်းစင်နဲ့ ဆွဲထုတ်တဲ့ နည်းလမ်းကို အသုံးပြုကယ်တင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေက ကယ်ထုတ်ခဲ့ချိန်မှာ မိုးအနည်းငယ်ရွာနေတာကလွဲပြီး ရာသီဥတုအခြေနေ ငြိမ်ဆိမ်နေခဲ့ပါတယ်။

ဂူအပြင်က စောင့်မျှော်နေတဲ့ မိဘတွေက သူတို့ရဲ့ သားသမီးများ ပါလာမလား၊ ဘယ်သူတွေကို ကယ်ထုတ်လာခဲ့ကြတာလဲဆိုတာ ကွဲကွဲပြားပြား မသိခဲ့ကြပါဘူး။ ဂူအပြင်ကို ကလေးတွေရောက်တဲ့အချိန်မှာ သက်ဆိုင်သူတွေ၊ သတင်းမီဒီယာတွေ၊ ပရိသတ်တွေနဲ့ ရုတ်ရုတ်သဲသဲမဖြစ်အောင် လူနာတင်ကားတွေ ဟယ်လီကော်ပတာတွေနဲ့ ခပ်မြန်မြန်ပဲ ဆေးရုံပို့ခဲ့ကြပါတယ်။

လှိုဏ်ဂူထဲမှာ ကျန်နေသေးတဲ့ ကလေး ၄ ယောက်နဲ့ ဘောလုံးနည်းပြ တစ်ဦးတို့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြေညင်းသိရပါတယ်။ ဆေးရုံပေါ်က ကလေးတွေကို စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်လို့ မိဘဖြစ်သူတွေက ထိတွေကိုင်တွယ်ခွင့် မရသေးကြောင်း သိရှိရသည်။
 


10 Jul 2018     1,324 Views




RELATED

Most Popular of International News

Most Popular of NEWS