BEC-TERO TV

ထိုင်းလှိုဏ်ဂူ အဖြစ်အပျက် ရုပ်ရှင်ရိုက်ရန် ဟောလိဝုဒ်မှ ထုတ်လုပ်သူများရောက်ရှိလာ

10 Jul 2018     1,406 Views


ထိုင်းနိုင်ငံ ထမ်လောင်းဂူအတွင်း ၁၀ ရက်တာ ပိတ်မိလမ်းပျောက်နေခဲ့သည့် ဘောလုံးအသင်း အဖွဲ့သား ၁၃ ဦးအား ခက်ခဲစွာ သက်စွန့်စံဖျား ကယ်တင်နေရပုံကို ရုပ်ရှင်ရိုက်ကူးရန် ဟောလိဝုဒ်မှ ပရိုဂျူဆာ နှစ်ဦး ထမ်းလောင်းဂူသို့ ကိုယ်တိုင်လာရောက် လေ့လာနေပြီဖြစ်သည်။

လတ်တစ်လောမှာ တစ်ကမ္ဘာလုံးက သနားဂရုဏာသက်စွာဖြင့် နားစွင့်စိတ်ဝင်စားနေသော ထိုင်းလှိုဏ်ဂူ ကယ်ဆယ်ရေးကို ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရန် Pure Flix Films မှ Michael Scott နဲ့ ပူးတွဲထုတ်လုပ်သူ Adam Smith တို့က ကိုယ်တိုင် လာရောက် ကွင်းဆင်းလေ့လာနေပြီး လိုအပ်သော ဇာတ်လမ်း ဇာတ်ညွှန်းများ ရေးသားရန် အင်တာဗျူးများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

“ဒီအဖြစ်ပျက်ဟာ A အဆင့်ရှိတဲ့ ဟောလိဝုဒ်ရုပ်ရှင်တစ်ကား ဖြစ်လာမယ်လို့ မြင်ပါတယ်” ဟု Michael Scott က AAP သတင်းဌါနကို ပြောဆိုခဲ့သည်။
Michael Scott နဲ့ Adam Smith တို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ အဓိကပါဝင်ပြီး တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရေတပ်က အရာရှိတွေနဲ့ နိုင်ငံခြားသား ရေငုတ်သမားတွေ၊ ကလေးတွေရဲ့ မိသားစုတွေ စတဲ့ ယခုဖြစ်စဉ်မှာ ပါဝင်ပက်သက်တဲ့ အဓိကလူတွေအားလုံးကို အချိန်ယူပြီး အင်တာဗျူးသွားဖို့ရှိပါတယ်။

သူတို့နှစ်ဦးဟာ အင်တာဗျူးတဲ့အခါ ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသူတွေကိုပါ ရှိနေအောင် စီစဉ်နေပါတယ်။
“ဒီပရောဂျက်မှာ အခြားရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေပါ ပူးပေါင်းပါဝင်လာဖို့ရှိနေပါတယ်၊ ဒါဆိုရင်တော့ ကျွန်တော်တို့ အမြန်ဆုံး အကောင်ထည်ဖော်နိုင်မယ်ထင်ပါတယ်”

လတ်ရှိမှာတော့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြားရှိတဲ့ ကလေး ၈ ဦးကို ရေငုတ်ကယ်ဆယ်ရေးအဖွဲ့တွေက ကျဉ်းကြပ်လှတဲ့ လမ်းကြောင်းတွေ ကြားကနေ ၄ ကီလိုမီတာ အကွာဝေးခရီးရှိတဲ့ လှိုဏ်ဂူအပြင်ကို ကယ်ထုတ်လာနိုင်ခဲ့ပါပြီ။ သူတို့ကို ကယ်တင်ဖို့ ခရီးတစ်ကြောင်းစာဟာ ၁၁ နာရီ ဝန်းကျင်ကြာမြင့်လို့ အားလုံးအတွက်တော့ တစ်ကယ့်ကို သက်စွန့်ဆံဖျား ကယ်ဆယ်ရေးဖြစ်ပါတယ်။

Pure Flix Films ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးစီးနေတဲ့ Michael Scott ရဲ့ ဇနီးဟာ ထိုင်းအမျိုးသမီးဖြစ်ပြီး တစ်နှစ်မှာ သုံးကြိမ်လောက် ထိုင်းကို ရောက်ဖြစ်တယ်လို့ဆိုပါတယ်။ လူတွေကို အင်တာဗျူးလုပ်ဖို့ အတင်းဖိအားပေးမှာ မဟုတ်ပဲ အချိန်ယူပြီး သူတို့အနေနဲ့ အဆင့်သင့်ဖြစ်ပြီဆိုမှ မေးမြန်သွားမယ်လို့ဆိုပါတယ်။

Pure Flix Films ရုပ်ရှင်ထုတ်လုပ်ရေးဟာ အရီဇိုးနားနဲ့ လော့စ်အိန်းဂျလိစ် တို့မှာ အခြေစိုက်ထားပြီး ဘာသာရေးယုံကြည်မှုနဲ့ မိသားစုဘဝ ဇာတ်လမ်းတွေကို အသားပေးထုတ်လုပ်နေတဲ့ ထုပ်လုပ်ရေးဖြစ်ပါတယ်။
Pure Flix Films က ၂၀၁၄ မှာ ထုတ်လုပ်ခဲ့တဲ့ “God’s not Dead” ဇာတ်ကားဟာ တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀ ရရှိခဲ့ပြီး ထုပ်လုပ်မှုစရိတ်က ဒေါ်လာ ၂ သန်းသာ ကုန်ကျခဲ့တဲ့ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။

ထိုင်းလှိုဏ်ဂူကယ်ဆယ်ရေး အကြောင်းရုပ်ရှင်ဟာ ကလေးတွေကို အရင်ဆုံးခက်ခက်ခဲခဲ ရှာတွေ့ခဲ့တဲ့ ဗြိတိသျှရေငုတ်သမား နှစ်ဦးကနေ စတင်ခြံရံပြီး သိုင်းဝိုင်းလိုက်ရင် အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်လာမယ်လို့ Michael Scott က အပြည့်အဝ ယုံကြည်ထားပါတယ်။

သူနဲ့အတူ ပူးပေါင်းမယ့် တွဲဖက်ထုပ်လုပ်သူ Adam Smith ဟာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ KAOS အမည်နဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသားမယ့်သူဟာ အခုဆိုရင် ထိုင်းနိုင်ငံကို လာနေပြီဖြစ်ပြီး ဒီဇာတ်လမ်းကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ ထုပ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရှိရသည်။
 


10 Jul 2018     1,406 Views




RELATED

Most Popular of International News

Most Popular of NEWS