BEC-TERO TV

၇၄ နှစ်အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်လည်ပင်းဖြတ်ခဲ့သူ

10 Jul 2018     1,261 Views


ဇူလိုင်လ ၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်းခရိုင် စန်ပါတောင်းတွင် အမျိုးသားတစ်ဦးက ၇၄ နှစ်အရွယ်အမျိုးသမီးကို အဓမ္မပြုကျင့် လည်ပင်းဖြတ်ကာ ဆွဲကြိုးနှင့် ပိုက်ဆံများ ယူပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည် ။
 
ဖြစ်စဉ်မှာ နှိုင်းမြင့်ထင်ယင့် အသက် ၃၀ သည် အလုပ်လုပ်ပြီး အိမ်အပြန်လမ်းတွင် အိမ်ရှေ့ တွင် ထိုင်နေသော မ ------- ကိုတွေ့ ပြီး ကာမစိတ်ပေါ်ကာ ရေတွင်းနားဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့သည် ။ ထိုရာတွင် မ ----- ကို နုတ်ပိတ်ဖို့အတွက် ဓားဖြင့် ရက်ရက်စက်စက် လည်ပင်းဖြတ်ခဲ့ပြီး လည်ပင်းတွင်ရှိ ဆွဲကြိုးနှင့် ပိုက်ဆံ ဘတ်တစ်သောင်း ( ကျပ် လေးသိန်းကျော် ) ကို ယူပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည် ။
 
 
ရဲများက လိုက်လံစုံစမ်းခဲ့ရာ ပြေးမလွတ် ရဲများက ခြေရာများစုံစမ်းတွေ့ ရှိခဲ့ပြီး တရာခံမှာ ပစ္စည်းလုယက်မှု ၊ လူသတ်မှုနှင့် ထောင်ကျခဲ့ဖူးသည်ဟု သိရသည် ။ တရားခံက ရဲစခန်းတွင် ပြောဆိုချက်များအရ - ဖြစ်စဉ်နေ့တွင် အရက်အနည်းသောက်ထားသည်ဟုဆိုပါတယ် ။ သူ၏ဇနီးက ကိုယ်ဝန်ဆောင်နေပြီး ဒီအတောအတွင်း ဇနီးနှင့် ကာမ မရှိတာကြောင့် မ ----- ကိုမြင်ပြီး ကာမစိတ်ပေါ်ကာ စိတ်ဖြည့်ဆည်းမှုဖြင့် လုပ်ဆောင်ခဲ့သည်ဟု ပြောပါတယ် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားလိုမှာ ဒဏ်ရာပြင်းထန်စွာရရှိတာကြောင့် ဆေးရုံသို့ပို့ဆောင်ထားပြီး တရာခံကို ရဲများက စစ်ဆေးချက်များပြုလုပ်ကာ ဥပဒေနှင့် အညီပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

10 Jul 2018     1,261 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS