BEC-TERO TV

ရုံးချိန်း ပျက်ကွက်ကာ တရားရုံးပြောင်းရန်လျှောက်ထားလိုက်တယ့် စူးရှထက်

10 Jul 2018     1,540 Views


ချစ်သူဖြစ်ခဲ့ဖူးသူ အဆိုတော်အစ္စဏီအား မဒိန်းမှုအပါအ၀င် ပုဒ်မ (၃)ခုဖြင့်တရားစွဲဆိုထားတယ့် မော်ဒယ်စူးရှထက်ဟာ ဇူလိုင်လ (၉)ရက်နေ့မှာချိန်းဆိုခဲ့တယ့်  (၉)ကြိမ်မြောက်ရုံးချိန်းကို တတ်ရောက်ရန်ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ သူမတင်မက တရားလိုရှေ့နေဖြစ်တဲ့ ဦးရောဘတ်ဆန်းအောင်လဲ ရုံးချိန်းကိုပျက်ကွက်ခဲ့ကြောင်း တရားခံအစ္စဏီရဲ့ရှေ့နေ့မှ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ တရားလိုမလာပါဘူး၊ တရားလိုရဲ့ရှေ့နေလဲ မလာပါဘူး။ ဒါပေမယ့် တရားလိုရဲ့ရှေ့နေနဲ့ ဥပဒေအရာရှိက ရုံးတော်ကိုတင်ပြပါတယ်။ တရားလိုက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားကို ရုံးပြောင်းလျှောက်ထားတဲ့အတွက် တရားလိုမစစ်ဆေးပါဘူးဆိုပြီး တင်ပြတဲ့အတွက်ကြောင့် ရုံးတော်ကနေ နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပါတယ်” ဆိုပြီး စူးရှထက်ရဲ့ရုံးချိန်းပျက်ကွက်မှုကို ပြောပြခဲ့ပါတယ်။

အစ္စဏီရဲ့အမှုကို တာမွေမြို့နယ်တရားရုံးမှာ စစ်ဆေးကြားနာနေတာဖြစ်ပြီး တရားလို စူးရှထက်ဘက်မှ တရားရုံးပြောင်းရွှေ့ရန်လျှောက်ထားမှုနဲ့ ပတ်သက်ပြီးတော့လဲ ယခုလိုပဲပြောကြားခဲ့ပါသေးတယ်။

“ရုံးကို ဘယ်အကြောင်းအရာနဲ့ပြောင်းရွှေ့တယ်ဆိုတာ မသိပါဘူး။ ဒီတရားရုံးကတော့ လုံခြုံရေးအပြည့်အ၀ပေးတယ်၊ မှန်မှန်ကန်ကန်လဲ စစ်ဆေးပေးတယ်။ ကျွန်တော်တို့ ဒီနေ့မှာ အမှန်တရားကိုဆက်ပြီးဖော်ထုတ်ဖို့လာတဲ့အခါ တရားလိုက ဒီရုံးကိုမကျေနပ်လို့ပဲလား၊ ဒီရုံးမှာဆက်စစ်ဆေးတာကို သူ့အတွက် Safe မဖြစ်ဘူးထင်တာကြောင့်ပဲလား၊ ဘယ်အကြောင်းပြချက်ကြောင့်လဲဆိုတာ မသိပေမယ့် ရုံးပြောင်းလျှောက်သွားခဲ့ပါတယ်” ဆိုပြီး စူးရှထက်ရဲ့ အရှေ့ပိုင်းခရိုင်တရားရုံးကို ရုံးပြောင်းရန်လျှောက်ထားမှုအပေါ် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ရုံးချိန်းခဏ၊ခဏ ပျက်ကွက်မှုကြောင့် တရားလိုဖြစ်တဲ့ မော်ဒယ်စူးရှထက်ဟာ ဝေဖန်ပြောဆိုမှုတွေကို ခံနေရပါတယ်။ အဆိုတော်အစ္စဏီရဲ့ပရိသတ်တွေအပါအ၀င်၊ မော်ဒယ်စူးရှထက်ဘက်မှပရိသတ်တွေကလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့ စိတ်ဝင်တစားနဲ့စောင့်ကြည့်လို့နေပါတယ်.....

 

 

 


10 Jul 2018     1,540 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment