BEC-TERO TV

သားဖြစ်သူက ဖခင်အားနေအိမ်ပေါ်မှ ခြေထောက်ဖြင့်ကန်ချ ဖခင်သေဆုံး

11 Jul 2018     1,223 Views


ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဖခင်နှင့်သား စကားများရန်ဖြစ်ရာ သားဖြစ်သူက ဖခင်အားနေအိမ်ပေါ်မှခြေထောက်ဖြင့် ကန်ချသဖြင့် ဖခင်ဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့သည် ။
 
ဖြစ်စဉ်မှာ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့ နယ် စွပ်ပလောင်းကျေးရွာတွင် ဦးဒါဝိဒ် ၇၀ နှစ်သည် သားဖြစ်သူ ကျလယ် ၃၂ နှစ် နှင့် စကားများရန်ဖြစ်ရာမှ သားဖြစ်သူက ဖခင်ဖြစ်သူအား ခြေထောက်ဖြင့်ကန်လိုက်သည် ။ ထိုရာတွင်  ဦးဒါဝိဒ်သည် (၅) ပေခန့်မြင့်သောနေအိမ်ပေါ်မှ အိမ်အောက်သို့ပြုတ်ကျပြီး ၊ဦးခေါင်း ၀ဲဖက်ချိုစောင်းနှင့်ဝဲဘက်နံရိုးများတွင် ဒဏ်ရာရရှိခဲ့သည် ။
 
 
တာဝန်ရှိသူများက ဦးဒါဝိဒ် ကိုဆေးရုံသို့ ပို့ဆောင်ထားပြီး မိုင်းဖြတ်မြို့ မရဲစခန်းမှ ဒုစခန်းမှူးရဲအုပ်များက မိုင်းဖြတ်မြို့ ပြည်သူ့ ဆေးရုံသို့ သွားရောက်ကြည့်ရှူရာ ဦးဒါဝိဒ်သည် ခေါင်းဝဲဖက်ချိုစောင်းတွင် လက်မ ၀က်ခန့်ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်နံရိုးအပေါ်ဖူးယောင်ဒဏ်ရာများဖြင့် ဆေးကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖခင်အား နေအိမ်ပေါ်မှခြေထောက်ဖြင့် ကန်ချသူ ကျလယ် (၃၂)နှစ် အား မိုင်းဖြတ်မြို့မ ရဲစခန်း မှ (ပ) ၁၁/၂၀၁၈ ၊ရာဇသတ်ကြီး  ဥပဒေပုဒ်မ၃၀၄(က)အရအမှုဖွင့်လှစ်လျက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

11 Jul 2018     1,223 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS