BEC-TERO TV

မိကျောင်းဆွဲခံရတဲ့ သားငယ်ကို ရေထဲခုန်ချကာ ပြန်လည်ကယ်တင်ခဲ့တဲ့ မိခင်

11 Jul 2018     1,391 Views


အင်ဒိုနီးရှားနိုင်ငံက မိခင်တစ်ဦးဟာ သူမရဲ့ အသက် ၁၁ နှစ်အရွယ် သားငယ်ကို မိကျောင်းကြီးတစ်ကောင်က ရေထဲဆွဲချသွားခဲ့တာကို သားဇောနဲ့ အကြောက်အလန့်ကင်းစွာ ရေထဲခုန်ချပြီး မိကျောင်းပါးစပ်ထဲမှ ပြန်လည်ကယ်တင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေဟာ မိကျောင်းတွေ အလွန်ပဲပေါများပါတယ်။ အဲဒီကျွန်းတွေထဲက ရွာတစ်ရွာဖြစ်တဲ့ တဲလော့ဒါဝမ် ကျေးရွာမှာ ရေခမ်ဆင်းခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ရာဒီပူထရာ ဆိုသူ ကလေးငယ်ကို အလစ်ချောင်းနေတဲ့ မိကျောင်းတစ်ကောင်က ရေထဲကို ဆွဲချသွားပါတယ်။ သားဖြစ်သူရဲ့ စူးစူးဝါးဝါးအော်သံကြောင့် အသက် ၃၇ နှစ်အရွယ် မိခင်ဖြစ်သူ ရက်စမီဒါဝမ် က ဘာမှစဉ်းစားချိန်မရပဲ ရေထဲ ဒိုင်ဗင်ထိုးခုန်ဆင်းကာ မိကျောင်းနောက်ကို ရေကူးပြီးလိုက်သွားပါတယ်။

ကလေးငယ်ဟာ မြစ်ကမ်းနဖူးမှာ ရေလှမ်းခပ်စဉ်  မိကျောင်းက သူ့ရဲ့လက်ကို လှမ်းဟပ်ပြီး ဆွဲချသွားခဲ့တာပါ၊ အော်သံကြားလို့ နောက်ကလိုက်လာတဲ့ မိခင်ဖြစ်သူ ကမ်းနဖူးရောက်ချိန်မှာ မိကျောင်းက ပေ ၅၀ လောက် အကွာအဝေးကို ရောက်နေပါပြီ။

အဲဒီအချိန်မှာ ကျွန်မဘာမှ မသိတော့ဘူး၊ သားလေးကို မိကျောင်းကိုက်မစားခင် အမီကယ်တင်ရမယ်ဆိုတဲ့ စိတ်တစ်ခုပဲရှိတော့တယ်၊ ဘာမှတွေးမမေနိုင်အားပဲ ရေထဲကို ဒိုင်ဗင်ထိုးချပြီး မီကျောင်းနောက်ကို လိုက်သွားတယ်” လို့ မိခင်ဖြစ်သူ ရက်စမီဒါဝမ် က ဆိုပါတယ်။

တဲလော့ဒါဝမ် ကျေးရွာ

ကလေးကို ကယ်တင်နိုင်ခဲ့ကြီးနောက်မှာ ဆေးရုံကို အမြန်ပို့ခဲ့ပါတယ်၊ မိကျောင်းကိုက်ခံရမှုကြောင့် ကလေးရဲ့လက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိခဲ့ပါဘူး။
ဂျမ်ဘီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီက အဆိုပါမိကျောင်းကို လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။

မိကျောင်းရဲ့ ပါးစပ်ထဲမှ ကလေးကို မည်သို့ကယ်လာပုံကို ဖော်ပြထားခြင်းမရှိသလို ကလေးကို ဆွဲသွားတဲ့ မိကျောင်းအမျိုးအစားကိုလည်း သေချာမသိရသေးကြောင်း ဖော်ပြထားပါတယ်။

Ref:DailyMail
 


11 Jul 2018     1,391 Views




RELATED

Most Popular of Special or Others

Most Popular of NEWS