BEC-TERO TV

လမ်းမပေါ်မှာ ကားကို ပေါ်တင်ဓားနဲ့ထွက်ခုတ်တဲ့ ရုပ်သံ

17 Jul 2018     1,319 Views


မန္တလေးတိုင်း ပလိပ်မြို့ လမ်းဆုံတွင် ဇူလိုင်လ ၁၅ ရက်နေ့ည ၉ နာရီအချိန်ခန့်က လမ်းမကြီးအတိုင်း မောင်းနှင်လာသော မော်တော်ကားကို ခါးတောင်းမြှောင်အောင်ကျိုက်ထားပြီး အပေါ်ပိုင်း အဝတ်အစားမပါသူ အမျိုးသားတစ်ဦးက ငှက်ကြီးတောင်ဟု ယူဆရသော ဓားရှည်ဖြင့် လမ်းမအလယ်တက်ကာ ခုတ်ပိုင်းခဲ့တာကြောင့် ယာဉ်မောင်းသူ ထိတ်လန့်ခဲ့ရတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။

အကောင့်ပိုင်ရှင် Naing Lin Htun က ကားမှာတပ်ဆင်ထားတဲ့ ကင်မရာမှတစ်ဆင့် မှတ်တမ်းရရှိခဲ့တဲ့ သူ့ရဲ့ ကိုယ်တွေ့ဖြစ်စဉ် ဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဓားခုတ်ခံရမှုကြောင့် နောက်ကြည့်မှန်နဲ့ ရေကာ ပြတ်ထွက်သွားကြောင်း ရေးသားခဲ့ပါတယ်။

ခရီးသွားများ ဘေးရန်ကင်းရှင်းကြပါစေ..။
 


17 Jul 2018     1,319 Views




RELATED

Most Popular of Special or Others

Most Popular of NEWS