BEC-TERO TV

GTA, Assassin’s Creed အပါအဝင် ဗီဒီယိုဂိမ်း ၄၇ ခု ဆော်ဒီတွင် တားမြစ်

18 Jul 2018     1,391 Views


ဆော်ဒီအားရေးဘီးယားနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတို့ အွန်လိုင်ဂိမ်းကစားခဲ့ကြပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေမှုများ ဖြစ်ပွားခဲ့ပြီးနောက်ဇာတ်လမ်းသွား ဗီဒီယိုဂိမ်း ၄၇ ခုကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

Illustration Only

တားမြစ်လိုက်တဲ့ ဇာတ်လမ်းသွားဗီဒီယိုဂိမ်း ၄၇ ခုထဲမှာ နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Grand Theft Auto V, Assassin’s Creed 2 နဲ့ The Witcher တို့လည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါဂိမ်းတွေကို ကစားတဲ့အခါ အတိကျဖော်ပြလို့ မရနိုင်တဲ့ အကြမ်းဖက်မှု ပုံစံ၊ လမ်းညွှန်စေခိုင်းတွေအများကြီး ရှိနေတယ်လို့ ဆော်ဒီနိုင်ငံရဲ့ ရုပ်သံကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ကစားခွင့် တားမြစ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အသက် ၁၃ နှစ်နဲ့ ၁၂ နှစ်ကလေးနှစ်ဦးဟာ “Blue Whale” လို့ ခေါ်တဲ့ အွန်လိုင်းဂိမ်းကို ကစားခဲ့ကြပြီးနောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြတယ်လို့ ဆိုပါတယ်။ “Blue Whale” ဂိမ်းကို ပြီးအောင်ဆော့ဖို့အတွက် ဂိမ်းထဲမှာ စေခိုင်းတဲ့ ညွှန်ကြားချက်တွေကို အောင်မြင်လုပ်ဆောင်ရပါတယ်။ အဖွဲ့လိုက် ကစားကြရတာဖြစ်လို့ ဦးဆောင်ကစားသူက အဖွဲ့ဝင်တွေကို အွန်လိုင်းကနေတစ်ဆင့် နေ့စဉ်လုပ်ဆောင်ရမယ့် ကိစ္စတွေကို ညွှန်ကြားပါတယ်။ သူတို့ဟာ ဒီဂိမ်းကို ရက်ပေါင်း ၅၀ အတွင်း ပြီးအောင်ကစားမှ အနိုင်ရတာမျိုးဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်တွေထဲမှာ ကိုယ့်ကိုယ်ကို ရက်ရက်စက်စက် ညှင်းပမ်းဖို့၊ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်ခိုင်းတာမျိုး၊ အချိန်မဟုတ်အခါမဟုတ် အိမယာကနေ ထခိုင်းတာမျိုးစတဲ့ အစွန်းရောက်တဲ့ လုပ်ငန်းစဉ်တွေပါဝင်ပါတယ်။
အဲဒီလိုဂိမ်းမျိုးကို ကစားတဲ့အကျိုးဆက်ကတော့ ကလေးနှစ်ဦး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာပဲဖြစ်ပါတယ်။

တားမြစ်လိုက်တဲ့ ဂိမ်းတွေကတော့ -

1

Agents of Mayhem

2

Assassins Creed 2

3

Attack on titan 2

4

Bayonetta 2

5

Clash of the Titans

6

Dante's Inferno

7

Dead Rising 3 Apocalypse Edition

8

Deadpool

9

Deception IV : The Nightmare Princess

10

Deus Ex Mankind Divided

11

Devils Third

12

DmC - Definitive edition

13

Dragon Age: Inquisition

14

Dragon's Dogma: Dark Arisen

15

Draw to Death

16

Final Fantasy Dissidia

17

Fist of the North Star: Ken's Rage 2

18

God of War 1

19

God of War 2

20

God of War 3

21

Grand Theft Auto V

22

Heavy Rain

23

Hitman: Absolution (2012)

24

Life is Strange

25

Mafia 2

26

Mafia 3

27

Metro Redux

28

Okami

29

One Piece Burning Blood

30

Past Cure

31

Prison Architect

32

Resident Evil 5

33

Resident Evil 6

34

Saints Row IV

35

SplatterHouse

36

Street Fighter V

37

Street Fighter 30th  Anniversary

38

The Order 1886

39

The Saboteur

40

The Witcher 3

41

The Nonary Game

42

Thief

43

Vampyr

44

Watch Dogs

45

Wolfenstein 2

46

Wolfenstein: The New Order

47

YO-KAI WATCH


 


18 Jul 2018     1,391 Views




RELATED

Most Popular of International News

Most Popular of NEWS