BEC-TERO TV

ရပ်ထားသောကားကို အရှိန်မထိန်းနိုင်ပဲဝင်တိုက်ရာ ဆိုင်ကယ်သမားသေဆုံး

20 Jul 2018     1,234 Views


ဇူလိုင်လ ၁၉ ရက်နေ့ မွန်လွဲ ၁ နာရီခန့်အချိန်တွင် ကွနှီးကျေးရွာနှင့် ဇွဲဘာကုန်းတန်းကျေးရွာသို့ဆက်သွယ်ထားသော ကားလမ်းမပေါ်၌ ရပ်ထားသောကားအား မောင်းလာသောဆိုင်ကယ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့သည် ။
 
ဖြစ်စဉ်မှာ မောင်ကောင်းခန့်သူ (အသက် ၁၄နှစ်) သည် ကွနှီးကျေးရွာဘက်မှ ဇွဲဘာကုန်းတန်းကျေးရွာဘက် ( အရှေ့ မှအနောက် ) သို့ DAYAN-110 အစိမ်းရောင်ဆိုင်နှင့် မောင်းနှင်လာစဉ် ဇွဲဘာကုန်းတန်းရွာအဝင်အရောက်တွင် လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင်ယာဉ် ( ယာဉ်အမှတ်-8F------ ) ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်ဟု သိရသည် ။
 
သေဆုံးသူမှာ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ ၊ မေးစေ့ပေါက်ပြဲ ၊ ယာနားသေးထွက် ၊ ဆီးခုံပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး နဝမတန်း ကျေားင်းသားဖြစ်သည်ဟု သိရသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သော မောင်ကောင်းခန့်သူအား ကမာလုတ်နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃/၂၀၁၈ ၊ ပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
 

20 Jul 2018     1,234 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS