BEC-TERO TV

တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်တော့ မယ့် ဝေလ

20 Jul 2018     1,228 Views


တေးစီးရီး လေးခွေ ထွက်ရှိထားတဲ့ အဆိုတော် ဝေလ ဟာ  ပထမဆုံး ပွဲဦးထွက် တစ်ကိုယ် တော်ဖျော်ဖြေပွဲကို စက်တင်ဘာ အတွင်း ပြုလုပ်မှာဖြစ်ပြီး သီချင်းအားလုံးကို သံစုံတီးဝိုင်း (Orchestral) ဖြင့်  ပူးပေါင်းတင် ဆက်မှာလည်းဖြစ်ပါတယ်။

“ ကိုဓီရာမိုရ်တို့လုပ်တဲ့ ပွဲတွေကိုလိုက် ကြည့်ဖြစ်ပြီး  ဆိုလဲဆိုဖူးတော့ အရမ်း သဘောကျတယ်။ အဲဒါကြောင့် ပထမဆုံးပွဲမှာ Orchestra နဲ့ Runner Band နဲ့၊ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားချင်တာပါ ။

ဖျော်ဖြေပွဲ၏ အမည်ကို Live in 360 ဟု အမည်ပေးထား ပြီး စက်တင်ဘာလလယ်တွင် အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်နိုင်ရန် လဲ စီစဉ်နေပါတယ် ။

ဖျော် ဖြေပွဲအတွက် သီချင်းတွေကို ရွေးချယ် နေပြီး သီချင်းအပုဒ် ၂၀လောက်တော့ ဆိုဖို့ စီစဉ်ထားပါတယ် ။

ပထမဆုံးအခွေထဲက တချို့သီချင်းတွေလည်း ပါမယ်။ Orchestra နဲ့လိုက်မယ့် သီချင်း တွေကိုလည်း ဆရာဓီရာမိုရ်တို့နဲ့ ရော၊ Runner Band နဲ့ရောတိုင် ပင်ပြီး ရွေးနေတယ် ။ ဒီပွဲအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ်။  ပထမဆုံးပွဲလည်း ဖြစ်တော့ သေသေချာချာလေး လည်း လုပ်ချင်တယ်။ ရင်ခုန်မှုက တော့ အဲဒီပွဲမှာ ဘယ်လို အကောင်းဆုံး ဖျော်ဖြေရမလဲဆို တာကိုတော့ ရင်ခုန်နေပါတယ်လို့ ပြောထားပါတယ် ။

Crd- 7Daydaliy

 


20 Jul 2018     1,228 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment