BEC-TERO TV

အချစ်ရေးမှာပေးဆပ်ရတာကို သဘောကျတယ်ဆိုတဲ့ Mary

20 Jul 2018     1,525 Views


တစ်ကိုယ်တော် Album ထွက်ဖို့ပြင်ဆင်နေတဲ့ Mary ကတော့ လတ်တလောမှာ single Song တစ်ပုဒ်ထွက်ဖို့ရှိပါသေးတယ်ဆိုတော့ Mary ပရိသတ်တွေပျော်ရတော့မှာပေါ့နော် ။ Album ထဲမှာ Mary ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလဲ ပါမှာဖြစ်ပြီး ၁၂ ပုဒ်လောက်ထည့်မှာလဲ ဖြစ်ပါတယ် ။ "Album ထဲမှာ ကိုယ့်ဘက်ကအလျှော့ပေးတဲ့ ပုံစံ ၊ ပေါက်ကွဲတဲ့ ပုံစံ ၊ Ralationship နဲ့ ပတ်သက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘူးဆိုတဲ့ ပုံစံလေးတွေပါမှာပါ ။ ဆိုပုံလေးတွေနဲ့ အရေးအသားလေးတွေတော့ နည်းနည်းပြောင်းထားပေမယ့် mary ပရိသတ်တွေ ကြိုက်မယ်လို့တော့ ထင်ပါတယ် ။ ကိုယ်တိုင်က ချစ်သူနဲ့ ပျော်နေရင်တောင် အလွန်ချစ်ပါတယ်ဆိုတဲ့ သီချင်း မျိုးမရေးဖြစ်ပဲ အသည်းကွဲ သီချင်းတွေပဲ ရေးတတ်တယ် ။ ချစ်သူနဲ့ လမ်းခွဲဖြစ်ရင်တော့ အသည်းကွဲ သီချင်းတွေ တအားထွက်တယ် ။ အသည်းကွဲရင်တောင် ရင်မဖွင့်ဘူး သီချင်းပဲချရေးဖြစ်တယ် ။ နုနုရွရွသီချင်းတွေဆိုရင် ကိုယ်နဲ့လည်း မလိုက်ဘူးလို့ ထင်တယ် ။ ချစ်တာကတော့ တအားချစ်တယ် ။ အချစ်ရေးမှာ ကိုယ်ခံယူထားတာကတော့ Girlfriend တစ်ယောက်ဖြစ်လာရင် ပေးဆပ်ရတာ သဘောကျတယ် ။ ပျော်အောင်လည်း ထားချင်တယ် ။ ကိုယ်လည်း အချစ်ခံချင်တယ် လက်ရှိ အချစ်ရေးကတော့ ဘာမှန်းတောင် မသိသေးပါဘူး” ဆိုပြီး ပြောထားပါတယ် ။

Crd-popular

 


20 Jul 2018     1,525 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment