BEC-TERO TV

လျို့ဝှက်သောအလှတရား မြန်မာ့သနပ်ခါး - Natural Beauty THANAKHA

21 Jul 2018     3,103 Views


မြန်မာနိုင်ငံဟာ သာယာလှပတဲ့ သဘာဝတောတောင် ရှု့မျှော်ခင်းတွေနဲ့သာ ဆွဲဆောင်နိုင်ရုံသာမကပဲ မြန်မာပြည်မှာ နေထိုင်တဲ့ လူမျိုးတွေကိုယ်တိုင်ကလည်း ဆွဲဆောင်မှုရှိနေတယ်ဆိုတာ တစ်ခေါက်တစ်ခါ အရောက်လာခဲ့ရင် သိကြရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးလေးတွေရဲ့ မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ အဝါရောင်ဖျော့ဖျော့ ပါးကွက်ကြားက နိုင်ငံခြားသားတွေအတွက်တော့ အထူးအဆန်းဖြစ်နေမှာ သေချာပါတယ်။ အချို့က စက်ဝိုင်းပုံသဏ္ဍန်ရှိသလို၊ သစ်ရွက်ပုံ၊ ပန်းပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်ရပါလိမ့်မယ်။

Once visiting Myanmar, you will be attracted not only by its extraordinary sights but its people as well. You’ll see Burmese women wearing a yellow-white paste on their face. Some paint simple circle shapes, other make it more complex shapes like flowers and leaves shapes.

ဒါကတော့ ရိုးရာမိတ်ကပ်လို့ ပြောလို့ရတဲ့ “သနပ်ခါး” ဖြစ်ပါတယ်။ သနပ်ခါးကို သနပ်ခါးပင်ရဲ့ အခေါက်ကနေ ရရှိတာဖြစ်ပြီး များသောအားဖြင့် အမျိုးသမီးတွေ သုံးစွဲလေ့ရှိပြီး အမျိုးသားအချို့လည်း သုံးစွဲတတ်ကြပါတယ်။

It is called “Thanakha”, a traditional make up obtain by Thanakha tree’s bark . Thanakha is most commonly used by women but also less to see men wearing it as well.

“သနပ်ခါး” ကို ဖြူစင်သန့်ရှင်းတဲ့ အလှတရားလို့ အဓိပ္ပါယ်ဖွင့်ဆိုရင်လည်း မမှားပါဘူး။ မြန်မာအမျိုးသမီးလေးများ သနပ်ခါးကို အသုံးပြုခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၂၀၀၀ ကျော်တိုင်ခဲ့ပြီဖြစ်ပါတယ်။ သနပ်ခါးကို အလှအပအတွက် သက်သက်တစ်ခုထဲ မဟုတ်ပဲ အသားအရေကို နေရာင်ခြည်ဒဏ်ခံနိုင်အောင် အတွက်ပါ လိမ်းကြတာဖြစ်ပါတယ်။ သနပ်ခါး ပါးကွက်ကြားလေးနဲ့ မိန်းကလေးတစ်ယောက်ကို မြင်ရတဲ့အခါ ငေးစိုက်ကြည့်နေမိပြီး ရုန်းထွက်လို့ မရလောက်အောင် ဆွဲဆောင်မှုလည်း ရှိနေပြန်ပါသေးတယ်။

“Thanakha” means beauty and clean, which has been used for over 2,000 years for the reason to protect skin from sunlight and beauty purpose. Girls with Thanakha on their faces make you feel like you’re lost in mystery places.

သနပ်ခါးပင်တွေဟာ အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ အဲဒီဒေသတွေထဲက စစ်ကိုင်းတိုင်း ရွှေဘိုနယ်က ထွက်တဲ့ “ရွှေဘိုသနပ်ခါး” နဲ့ မကွေးတိုင်းကထွက်တဲ့ “ရှင်မတောင်သနပ်ခါး” တို့ကတော့ နာမည်အကြီးဆုံးပါ။ မြန်မာပြည်မှာတော့ သနပ်ခါးကို ဘယ်နေရာမှာမဆို အလွယ်တစ်ကူပဲ ဝယ်လို့ရပါတယ်။

Thanakha trees are grow in tropical zone central Myanmar. Shwebo Thanakha and Shinmadaung Thanakha are most popular. Thanakha is readily available from any cosmetic shop in the country.

သနပ်ခါးလိမ်းဖို့အတွက် “ကျောက်ပျဉ်” ပေါ်မှာ ရေစက်လေးတွေချပြီး သနပ်ခါးတုံးတင်ပြီး သွေးလိုက်ရုံပါပဲ၊ ရလာတဲ့ သနပ်ခါးအနှစ်လေးတွေရဲ့ ရနံ့က သင်းပျံ့ပြီး နူးညံ့နေပါတယ်။ အခြေခံအားဖြင့်တော့ သနပ်ခါးအနှစ်လေးကို ပါးပေါ်တင် ဖွဖွလေးလိမ်း၊ နှာတံလေးဆွဲပြီး ပါးကွက်ကလေးဝိုင်းလိုက်မယ်ဆိုရင် ပြီးသွားပါပြီ။ သနပ်ခါးကို နေ့၊ ည အချိန်ခါမရွေးလည်း လိမ်းနိုင်ပါတယ်။


In order to prepare it, drop some water on a stone plate named “Kyauk Pyin” and grind the thanakha’s bark in order to produce the cream. It is smooth and smell good. It is used both during the day and night.
The simple way to paint Thanakha on face is stretching a round patches on cheeks, a line on bridge of nose and forehead or chin.

သနားခါးလိမ်းလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အသားအရေကို ထိန်းသိမ်းပေးသလို အမာရွတ်တွေ အစက်အပျောက်တွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ ဒါ့အပြင်ဆောင်းမှာလိမ်းရင် နွေးပြီး နွေမှာလိမ်းရင် အေးနေတာက သနပ်ခါးရဲ့ သဘာဝ အစွမ်းသတ္တိတစ်မျိုးလည်းဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေရှိနေလို့လည်း မြန်မာမိန်းကလေးတွေက ခေတ်ပေါ်အလှပြင်မိတ်ကပ်တွေထက်စာရင် သနပ်ခါးကိုပိုပြီး စွဲလမ်းမြတ်နိုးနေကြတာပါ။

There are many benefits of using this natural cosmetic, it helps skin healthier by healing scars, removing acnes and protecting from sunlight and providing cooling sensation in hot weather. By these reasons, women in Myanmar prefer using this natural cosmetic rather than others.

ယနေ့ခေတ်မှာတော့ သနပ်ခါးလိမ်းတဲ့ အလေ့အထဟာ နည်းပါးလာပြီဆိုပေမယ့် မြို့ရော တောမှာပါ လိမ်းနေတဲ့သူတွေကို တွေ့နိုင်ပါသေးတယ်။ မြန်မာမိန်းကလေးတွေက သနပ်ခါးလိမ်းရတာဟာ အလှအပအတွက်သာမက မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ကိုပါ ထိမ်းသိမ်းထားရာလည်း ရောက်တယ် ဆိုတဲ့ အယူအဆနဲ့ မြတ်နိုးတန်ဖိုးထားပြီး ယနေ့ထိတိုင် ဂုဏ်ယူစွာ လိမ်းနေကြဆဲဖြစ်ပါတယ်။
အကယ်၍များ မြန်မာပြည်ကို ရောက်ခဲ့ရင်တော့ အလွန်မြတ်နိုးစရာ မြန်မာ့သနပ်ခါးရဲ့ အထိအတွေ့ကို ကိုယ်တိုင် တစ်ခေါက်လောက် စမ်းကြည့်စေချင်ပါသေးတယ်။

Nowadays, the use of Thanakha is still very common in both cities and rural areas, especially in special events or traditional festivals. Burmese women still appreciate wearing Thanakha, which shows the culture strength of Myanmar. Try testing it out yourself when you visit.
 

 

Photos: Internet
 


21 Jul 2018     3,103 Views




RELATED

Most Popular of Special or Others

Most Popular of Life Style