BEC-TERO TV

ဖမ်းဆီးထားသူကို ပြန်လွှတ်ပေးရန် ပုသိမ်ကြီး ရဲစခန်းရှေ့တွင် တောင်းဆို

23 Jul 2018     1,286 Views


ပုသိမ်​ကြီးမြို့နယ်​ ဒဟ​တ္တော​ကျေးရွာအုပ်​စု သရက်​ကိုင်း​ကျေးရွာတွင်​ ​လမ်းမြေ​ပေါ် ကျူး​ကျော်​ခြံခတ်​သည်​ဟုဆိုကာ ဖမ်းဆီးခံရသည့်​ဒေသခံ ​ဒေါ်မြကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်  ပုသိမ်​ကြီးရဲတပ်​ဖွဲ့က လာ​ရောက်​ဖမ်းဆီးခဲ့သဖြင့် ​ ပြန်​လွှတ်​​ပေးရန်​ ​ဒေသခံ ၅၀ ဦးခန့်က ပုသိမ်​ကြီးမြို့မရဲစခန်း​ရှေ့တွင်​ လာ​ရောက်​စု​ဝေးလျက်​ရှိကြောင်း သိရှိရသည်​။

 

၎င်းတို့သည်​ အဆိုပါဒေသရှိ မြင့်ကုမ္ပဏီ၏ ဘိလပ်​​မြေစက်​ရုံ စီမံကိန်းကို ကန့်ကွက်​​နေသူများဖြစ်​ပြီး ​ဒေါ်မြကို ဖမ်းဆီးခြင်းသည်​ မန္တ​လေးတိုင်း လမ်းတံတားဥပ​ဒေ ပုဒ်​မ ၂၂ အရ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပုသိမ်​ကြီးမြို့နယ်​ ရဲတပ်​ဖွဲ့ အကြီးတန်းအရာရှိတစ်​ဦးက ​ပြောကြားသည်​။

ဖမ်းဆီးသူကို ပြန်​မလွှတ်​​ပေးမချင်း ရဲစခန်းရှေ့မှ ထွက်​ခွာမည်​မဟုတ် ဟု ​ဒေသခံများက ​ပြောဆို​နေကြသည်​။ ဒေါ်မြကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အင်အားသုံးကာ ဖမ်းဆီးခြင်းဖြစ်ပြီး လက်ထိပ်နောက်ပြန်ခတ်၍ ခေါ်ဆောင်သွားသည်ကို မကျေနပ်ကြောင်း ဒေသခံများက ပြောဆိုသည်။
လမ်းမြေကို ကျူးကျော်ခြင်းမဟုတ်သည့်အပြင် လမ်းဖောက်စဉ်ကလည်း လယ်မြေများကို ပေးခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီမှစတင်ကာ စုဝေးရောက်ရှိနေခြင်းဖြစ်ပြီး လက်ရှိတွင် တောင်းဆိုနေသူများအနက် ဦးဆောင်သူ သုံးဦးကို ရဲစခန်းထဲတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

သတင်း - tmn
ဗီဒီယို - Nanda Takotaw

 


23 Jul 2018     1,286 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS