BEC-TERO TV

ရုပ်ရှင်အစည်းအရုံးက ခေါ်ယူသတိပေးခြင်းခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်

23 Jul 2018     1,393 Views


မကြာခင်ကပွဲတစ်ခုမှာ သရုပ်ဆောင် မင်းသမီးချော သင်ဇာဝင့်ကျော် ၀တ်ခဲ့ တဲ့ fashion နဲ့ ပတ်သတ်ပြီး ဝေဖန်မှု များစွာ ရှိခဲ့ သလို ရုပ်ရှင်အစည်းအရုံးကလဲ ခေါ်ယူ သတိပေးခဲ့ တယ်လို့သိရပါတယ် ။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဖြစ်တဲ့ သရုပ်ဆောင်  ဦးဇင်ဝိုင်းနဲ့  ရုပ်ရှင်အစည်းအရုံး အမှုဆောင် အဖွဲ့က ဇူလိုင် ၂၀ ရက်က သင်ဇာ ကို ခေါ်ယူသတိပေးခဲ့တယ်လို့လဲ သိရပါတယ် ။

‘‘ရုပ်ရှင်အစည်းအရုံးသွားရ တဲ့ နည်းလမ်းက စည်းရုံးခြင်း၊ သိမ်းသွင်းခြင်း၊ ဖျောင်းဖျခြင်း၊ ညှိနှိုင်းခြင်းနဲ့ပဲ သွားရပါတယ်။ အမိန့်နဲ့ အာဏာဘာတစ်ခုမှ သွားလို့မရပါဘူး။ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့  ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ခံယူချက်နဲ့ ၀တ်ကြတဲ့အပေါ်မှာ လိုက်လံပြီး ပိတ်ပင်လို့မရပါဘူး။ သို့သော် သူတို့ရဲ့ ပြုမူမှုပဲဖြစ်စေ၊ ၀တ်ဆင်မှုပဲဖြစ်ပါစေ ပြည်သူလူ ထုကို စော်ကားရာကျမယ်၊ အ စည်းအရုံးကိုလည်း ထိခိုက်မယ် ဆိုရင် ခေါ်ယူသတိပေးပါတယ် ။  သူကလည်း သတိ ပေးတာကို ကျိုးကျိုးနွံနွံလိုက်နာ ပါတယ်။ နောင်ကိုလည်း မဖြစ် စေရဘူးလို့ ကတိပေးသွားပါ တယ်’’ ဆိုပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဖြစ်တဲ့ သရုပ်ဆောင်  ဦးဇင်ဝိုင်း ကပြောသွားခဲ့ ပါတယ် ။ 

Crd:7day daily                               


                         

 


23 Jul 2018     1,393 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment