BEC-TERO TV

မြန်မာနိုင်ငံတွင် သင်သွားလည်သင့်သော အလှပဆုံးနေရာ ဆယ်ခု - Top ten beautiful places in Myanmar you must visit

24 Jul 2018     4,288 Views


ကျွန်တော်ငယ်ငယ်က ကမ္ဘာပေါ်က ထင်ရှားတဲ့ နေရာ တွေကို သွားချင်ခဲ့မိပါတယ်။ ဒါပေမဲ့ အခုတော့ ကြင်နာခြင်း စာနာခြင်း တွေနဲ့ ပြည့် နေပြီး ကူညီရမှာကို ဝန်မလေးတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ များစုံနေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာမဲ့ ခရီးသည်များကို မိတ်ဆက်ပေးပါရစေ ။ မြန်မာနိုင်ငံကို ရောက်လာရင် ဒီနေရာတွေကိုသွားလည်ဖို့ မမေ့ပါနဲ့လို့ မိတ်ဆက်ပေးလိုက်ပါတယ် ။

#ရွှေတိဂုံစေတီ

မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုရောက်လာပြီဆိုရင် ပထမဦးဆုံးသွားလည်ရမည့်နေရာကတော့ ရွှေတိဂုံစေတီ ဖြစ်ပါသည် ။ ရွှေတိဂုံ စေတီတော်မှာ ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ မြန်မာနိုင်ငံကိုရောက်လာရင် နိုင်ငံခြားသားများ အများဆုံးသွားလည်တဲ့ နေရာဖြစ်ပါတယ် ။

#ဆူးလေစေတီ

ပြီးတော့ နောက်တစ်နေရာကတော့ ဆူးလေစေတီတော်ဖြစ်ပါတယ် ။ ဆူးလေစေတီတော် သည် မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်၍၊ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုစေတီတော်ကို မဏ္ဍိုင်ပြု၍ အရှေ့ဘက်မှ အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းသည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။ ဆူလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။ ဉာဏ်တော် ၁၅၁-ပေ ရှိသည်။

#ကယာပြည်နယ်မှာရှိတဲ့ ဒီမော့ဆို

နောက်ထပ်နေရာကတော့ ရိုးရာ ဓလေ့ အလှတရားတွေ ရှိနေတဲ့ ကယားပြည်နယ် ဖြစ်ပါတယ် ။ ကမ္ဘာလှည့် ခရီးသည်တွေ မျက်စိကျနေတဲ့ ကြေးပတ် ကယန်းရွာတွေကို ရောက်ဖို့တော့ လွိုင်ကော်ကနေ ဒီမော့ဆို မြို့နယ်ထဲ အထိ ဆိုင်ကယ်နဲ့ အချိန် ၂ နာရီကျော်ကြာ သွားရပါတယ်။ ရက်ကန်း ခတ်နေကြတဲ့ ကယန်းအမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ရွှေရောင်အဆင်းရှိတဲ့ ကြေးကွင်းတွေဟာ မေးစေ့ကနေ ရင်ညွန့်အထိ လည်တိုင်တခုလုံး ကြေးခွေတွေ ပတ်ထားသလို ဒူးဆစ် အောက်ကနေ ခြေမျက်စိ အထိလည်း ကြေးခွေတွေ ပတ်ထားပါတယ်။ ဒါ့အပြင် လက်မှာလည်း ငွေရောင် ဘော်ကွင်း လက်ကောက်တွေကိုလည်း ဝတ်ဆင် ထားပါတယ်။ သူတို့ကို ကယန်းပဒေါင် လို့ ခေါ်ပါတယ်။

#အင်းလေး

ရန်ကုန်အနီးတစ်ဝှက်နေရာများကို အလည်အပတ်သွားပြီးပြီဆိုရင် နိုင်ငံခြားသားများအနေနဲ့ တောင်ကြီးမြို့တွင်ရှိ အင်းလေးဖြစ်ပါတယ် ။လှေကလေးတွေကို ခြေနဲ့လှော်တဲ့ပုံရိပ်မျိုးဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဓလေ့ထုံးစံဖြစ်လို့ အင်လေးရဲ့ ကိုယ်ပိုင်အမှတ်အသားလို့ ပြောနိုင်ပါတယ်။ အင်းသူအင်းသားများ အသုံးပြုတဲ့ လှေကလေးတွေကလည်း ဒေသနဲ့ကိုက်ညီအောင် ဖန်တီးထားတဲ့ ကိုယ်ပိုင်ပုံဟန်၊ ကိုယ်ပိုင်စတိုင်တွေပါပဲ။ ဒါတွေကို ပြည်တွင်းပြည်ပ ခရီးသွားဧည်သည်တွေက အမှတ်တရအဖြစ် ဓာတ်ပုံများ ရိုက်ယူကြတယ်။ ဧည်သည်အကြိုက် ပုံရိပ်များပေါ့။

#ပုဂံ

ပုဂံသည်မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်၎င်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်၎င်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်၎င်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးဟောင်းသုတေသန အစရှိသည်တို့အတွက် အချက်အလက် အထောက်အထားများစွာ ရနိုင်သော နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာသူတိုင်း ပုဂံကိုရောက်အောင်သွားကြပါတယ် ။

#ငွေဆောင်

ငွေဆောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနောက်ဖက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့မှ ကားလမ်းခရီး ၅ နာရီ ကြာမြင့်သည်။ ငွေဆောင်အပန်းဖြေစခန်းကို ၂၀၀၀ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့်စာလျှင် ငွေဆောင်ကမ်းခြေမှာ ပိုမိုသစ်လွင်သည်။

#ဦးပိန်တံတား

မန္တလေးကိုရောက်ရင် ဒီနေရာကိုသွားလည်ဖို့မပါနဲ့ ကမ္ဘာပေါ်တွင်အရှည်ဆုံး ဦးပိန်သစ်တံတားဖြစ်ပါတယ် ။ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသား တံတားဖြစ်သည်။

#ဝင်းစိန်တောရ

မော်လမြိုင်မြို့ (မွန်: မတ်မလီု) သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ ကွာဝေးပြီး သထုံမြို့မှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တမြို့ဖြစ်ခဲ့လေသည်။ မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ ဝင်းစိန်တောရ ၌ ကမ္ဘာ့အကြီးဆုံး အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် နိုင်ငံခြားသားတွေ သွားရောက်လည်လေ့ရှိသည် ။

#ပုပ္ပါးတောင်

ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း ၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ် ၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။ နိုင်ငံခြားသားတွေက ပုဂံကိုအလည်သွားပြီးတာနဲ့ ပုပ္ပါးတောင်ဆီသို့ ခရီးဆက်လေ့ရှိကြပါတယ် ။

#ကပ်ကူ

နောက်ဆုံးတစ်နေရာကတော့ ရှမ်းပြည်နယ်မှာရှိတဲ့ ကပ်ကူ စေတီများဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ပြန်တမ်းထားသော ၂၄၇၈ စေတီပုထိုးများဖြစ်ကြသည် ။ ဒီနေရာကို အင်းလေးမှတစ်ဆင့် ခရီးဆက်နိုင်ပါတယ် ထို့ကြောင့် အင်းလေးကို ရောက်ရင် ဒီနေရာကိုသွားလည်ဖို့ မမေ့ပါနဲ့ ။

Myanmar is the most beautiful and the only unspoilt country in South East Asia. When I think of the countries I love the most, they are all so very different, but one thing drawing them together is the people: the tight-knit community of Svalbard, the surprising warmth and generosity of the Polish, the kindness, and the quiet grace and gentleness of Myanmar people. So let me introduce the places when you come to visit to Myanmar.

#Shwedagon Pagoda

The First place that you must visit, when you arrived in Yangon, Shwedagon Pagoda was the one must visit attraction in Myanmar and it’s amazing! Shwedagon is a big site with many pagodas and images of Buddha. The centrepiece is a 325 foot zedi, adorned with gold and gems which is believed to enshrine hairs of the Gautama Buddha. It’s a spectacular sight but it’s also just a nice place to wonder, sit back and take in the relaxed and special vibe.

#Sule Pagoda

And the second is Sule Pagoda. It is believed that Sule Pagoda is one of the oldest temples in the world. Burmese people claim that it was built more than 3,000 year ago! It is situated in Yangon, just like the Shwedagon Pagoda.

# Kayan

Myanmar is comprised of many different ethnic groups and tribes, each with their own unique traditions. One common one is to safeguard their women from neighbouring tribesmen who may try to steal them away. The answer? Ugly-fy them to make them less appealing. For example, in the Northern Chin states, women used to have their faces tattooed, but this practice was banned in the 1960s. Also, the long necked women of the Kayan tribe in East Myanmar, wear brass neck coils around their necks from a young age. Over the years, the weight of the brass pushes the women’s collar bone down, compressing their rib cage. Some of the women of the Kayan tribe gather at the very tourist Inle Lake where you can meet them in person.

#Inle Lake

Inle Lake is one of the most stunning lakes in the world and the stilt houses and Buddhist temples rising from the marshy reeds only add to its appeal. The best way to experience Inle Lake is to take a ride on one of the slender long tail wooden boats and experiencing the silence and emptiness of the lake is an absolute privilege as is watching local village life while floating by. Inle Lake can certainly hold its own on the sunset front: the beautiful colours of the Myanmar sunset reflect from the glass like lake making for a picture perfect setting.

#Bagan

Bagan, a city that was the capital of the first Burmese empire. Located in the dry central plains of the country, Bagan is well known for having over 2,000 stunning and unique pagodas and temples, most of which were built by the ancient kings and leaders of Burma. Being so curious about Bagan’s ancient history and architecture, took 8-hour bus from Yangon to Bagan. The temples stretch as far as the eye can see, a morning mist rises over the plain, a rainbow colored sky emerges through the darkness and hot air balloons drift over the horizon.

#Ngew Saung

A white beach, a sandbar, and delicious seafood – Ngew Saung has it all! To make things better, there’s a spot on the beach with two little pagodas to make your sunset viewing epic! The name Ngwe Saung means silver beach in Burmese and is an apt description.  The main beach of Ngwe Saung appears to be “endless” because it stretches for many kilometers. When the tide is low, a little sandbar emerges that leads to Lovers’ Island. Ngwe Saung is easy to reach from Yangon by an overnight bus and is a destination that should not be missed.

#U Bein Bridge

Not to be missed when you are in Mandalay is the world’s longest teakwood bridge. Made up of 1.2 kilometers of teak planks salvaged from an old Amarapura palace, U Bein Bridge is still very much used by the locals today. It is also not uncommon to see saffron-robed monks walking with tourists and locals alike. The best time to go would definitely be sunset and you can opt to hire a boat to capture the bridge with the sunset.

# Win Sein Taw Ya

If you like nature, getting off the beaten path on a motorbike, and giant Buddhas, Mawalamyine needs to be on your radar when traveling in Myanmar. One of the highlights of our time there was riding a motorbike to the Win Sein Reclining Buddha. At 180 meters long and 30 meters high, it is the largest reclining Buddha in the world. Inside the Buddha is a museum featuring life-sized models depicting the life of the Buddha as well as graphic scenes of hell, death and destruction. It’s a bit freaky at times, so bring a flashlight and a friend! 

#Mount Popa

Mount Popa is a Myanmar postcard sight: a sacred monastery, with stupas glistening gold, perched atop an extinct volcano. 777 steps lead the way to the top of Mount Popa, the headquarters of Myanmar’s most powerful Nats, and the route is lined with monkeys keen to get up to mischief with the tourists in their search for food! Mount Popa is a popular half day trip from Bagan.

#Kakku

One of Myanmar’s most spectacular pagodas, Kakku is a Shan State hidden gem. It is a collection of 2,478 stupas commissioned 2,000 years ago and it is a religious centre for the Pa’O people, a Buddhist tribe from Myanmar. It’s accessible by a half day trip from Inle Lake and, due to local laws, it is required to take the trip with a local guide.


24 Jul 2018     4,288 Views




RELATED

Most Popular of Special or Others

Most Popular of Life Style