BEC-TERO TV

ဂျောက်ဂျက်ကတော့ ဒီလိုအရေးအသားနဲ့ သားစစ်ကိုတုန့်ပြန်လိုက်ပါပြီ

06 Aug 2018     1,745 Views


လက်တလော အဆိုတော် သားစစ်နဲ့ အဆိုတော် ဂျောက်ဂျက်တို့ ပဋိပက္ခအဖြစ်အပျက်များ အွန်လိုင်ပေါ်တွင် ပျံနှံ့ ခဲ့ပါသည် ။ အဆိုတော် သားစစ် ကတော့ သူ၏ဖေ့စ်ဘုတ်ပေါ်တွင် အဆိုတော် ဂျောက်ဂျက်နှင့် ဖုန်းခေါ်ထားတဲ့ ဗီဒီယိုဖိုင်ကိုတင်ခဲ့ပါတယ် ဒါပေမဲ့ အဆိုတော် ဂျောက်ဂျက်ကတော့ ဆဲဆိုထားတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ဘာမှတုန်းပြန်ခြင်း မရှိခဲ့ပါ ။ သြဂုတ်လ ၄ ရက်နေ့တွင် အဆိုတော် ဂျောက်ဂျက်က ပြောသင့်ပြီဆိုပြီး သူ့ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဒီလိုရေးသားပြီး တုန့်ပြန်လိုက်ပါတယ် ။
 
 
ဂျောက်ဂျက် ပြောထားတာကတော့" ပြောပာသင့်ပြီ ထင်လို့ ပြောပါရစေ၊ Online Media တစ်ခုက interview မှာ အဆိုတော် တွေဘာဖြစ်တယ် ညာဖြစ်တယ်။ ဆရာအထာနဲ့ အာနေလို့ အဲလို ပေါက်ပန်းဈေးတွေ မအာသင့်ကြောင်း အဲဒီ interview ကို ကျနော့် wall မှာပဲ ကိုယ်တိုင် ရေးပြီး share လိုက်ပါတယ်။ ဒီဘဲ အဲ့မှာ ချက်ချင်းပဲ post အောက်ကိုလာပြီး သူ့ကို တိုက်ခိုက်ပါတယ်ဆိုတဲ့အထာတွေ လာပြောနေလို့ ဒါဟာ ရန်လုပ်နေတာမဟုတ်ကြောင်း အပြောနဲ့ အလုပ်က တခြားစီ ဖြစ်နေတဲ့အကြောင်း လူမြင်ကွင်းမှာ ပေါတောတော ဂေါက်တောက်တောက် လုပ်ရပ်တွေလုပ်ပြရုံနဲ့ တစ်ဘဝလုံး သီချင်းပဲလုပ်နေခဲ့တဲ့ အဆိုတော်တွေကို လျှောက် မပြောသင့်ကြောင်း $ရူးသက်သက်ကြီး ဖြစ်နေကြောင်း ကွဲပြားအောင် ပြောပြလိုက်ပါသေးတယ်။ သိပ်မကြာခင်ပဲ ဒီဘဲ ကျနော့်ကို live တွေနဲ့ စဆဲတော့တာပဲ ကျနော် ပြန် share ပေးလိုက်သေးတယ် "
 
 
" ဒါပေမယ့် ဒီဘဲ နာမည်ကြီးချင်ဇောများပြီး ကျနော့်ကို ဒဲ့ဆဲပါတယ်ဆိုတဲ့ အထာနဲ့ မဆိုင်တဲ့ ကျနော့်မိသားစု ကိုတောင် စိတ်ပျက်ဖို့ကောင်းလောက်အောင် ဆဲဆိုသွားတာလဲ အားလုံးမြင်ပါတယ်။ ကျနော် online ပေါ်မှာ ဘယ်သူကို့မှ ဆဲဆိုလေ့မရှိမှန်း account ထဲက လူတိုင်းအသိပါတယ် ။ ကျနော် ဒီဘဲကို အကြောင်းမရှိပဲ သွား foul ပြီးမှ ရှောင်နေတာလား မတန်လို့ ဖက်မဖြစ်တော့တာလား ဆိုတာ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူတွေ ပဲ ဆုံးဖြတ်ပါ၊ ကျနော် ပြောချင်တဲ့ အဓိကအချက် က ဒီဘဲ အနုပညာကို တကယ်လုပ်နေရင် ကျနော်ဘာမှ သွားပြောနေမှာမဟုတ်ဘူး နာမည်ကြီးပိုက်ဆံရရင်ပြီးရော ဆိုတဲ့ ဉာဏ်ရည်လောက်နဲ့ ငပေါအထာတွေလုပ်ပြပြီး မြန်မာပြည်က အဆိုတော်တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပါးစပ်စည်းမရှိလျှောက်ပြော နေတာ ကျနော်တော့ လက်မခံဘူး၊ ကျနော်တို့ နယ်ပယ်ထဲကိုလာကြည့် ပိုက်ဆံမရလဲ ငတ်ပြတ်ခံပြီး ဂီတကို ရူးရူးမူးမူး လုပ်ကိုင် ပြီး ရှင်သန်ရပ်တည်နေရတဲ့ လူကြီးတွေ လူငယ်တွေ အများကြီးရှိတယ်။ အဲလို လူတွေကိုလည်း ပြန်အားနာဦး "
 
 
" တစ်ဘဝလုံးmusic ကိုသေမလောက် လုပ်လာခဲ့ရတဲ့လူတွေက ဘာမှမပြောရဘဲ $ တလွဲအကြီးကြီး လုပ်နေတဲ့လူက media ပေါ်ကနေ အဆိုတော်တွေက အလကားပါ ဆိုတဲ့ ပုံစံတွေ ပြောဆိုနေတာ သင်ဆိုရင်ရော လက်ခံမှာ လား ။ အထာက လူကြည့်များရင် ပြီးရော ဆိုပြီး JoukJack ကို ဆဲလိုက်ပါတယ်ပေါ့၊ အမှန်က ကျနော့်ကို ဆဲပြီး ဒီဘဲ နာမည်သိပ်ကြီးချင်နေတာပါ သနားပါတယ်။ ဘယ်သူမှမသိတဲ့အချက်က -ကျနော့်ကို ဆဲလည်း ဘယ်သူ့ကိုမဆို ကျနော် ပြုံးပြနိုင်တယ်။ ကျနော်အနုပညာသမား မို့လို့ ကျနော့်အသက်ရဲ့ ထက်ဝက်လုံးကို ဂီတ အလုပ်နဲ့ပဲ အချိန်တွေကုန်ခဲ့တယ် ။ ကျနော် ပျင်းရင် ရီစရာတွေ ပြောလေ့ရှိတယ်။ မှားနေတာတွေတွေ့ရင် ဝင်ပြောတတ်တယ် ၊$ ပေါစကားတော့ မပြောဘူး ၊လူဆိုတာ ကိုယ်လုပ်တဲ့ အပြစ် ကိုယ်ပြန်ခံရမှာပဲ "
 
 
 " ကျနော်ကတော့ ရှင်းရှင်းလေးပဲ ဒီလိုဘဲ နဲ့ အငြင်းအခုံ ဖြစ်ရတာကို စိတ်မပါလို့ အဖတ်လှည့် မလုပ်တော့တာပါ ။ သူ့လမ်းသူသွားရမှာပဲ ဇာတ်လမ်းအတုတွေ ဖန်တီးပြောချင်တာတွေ လျှောက်ပြောနေတဲ့ လူမျိုးကတော့ ဆဲလိုက်အခွက်ပြောင်လိုက်နဲ့ လူစကားကို လူလို ပြောတတ်တဲ့ လူထဲမှာ မပါလို့ ဒီဘဲ ဖုန်းလာဆက်လဲ ကျနော် အချိန်ပေးပြီး ကိုင်မှာမဟုတ်ပါ။ အဲဒါ ဒီဘဲကိုကျွတ်လို့တော့ မဟုတ်ဘူး ငါဆရာဆိုတဲ့ အထာနဲ့ တပါးသူအသိုက်အမြုံကို လျှောက်ဆဲ ဆို ပြီးမှ မနိုင်မှန်းလည်း သိရော ငပေါကွက်တွေ ပဲ ထပ် live လုပ်ပြီး သွေးရူးသွေးတန်းဖြစ်နေဦးမှာ ပဲဆိုတာ သိလို့ အသက်ကြီးတာတစ်ခုကလွဲရင် ဘယ်နေရာမှာမှ level ကိုမတူလို့ လာ ယှဉ် ခွင့်လဲမရှိနိုင်ပါ ။$ ဖတ်လဲ ဘယ်တော့မှ လုပ်မှာမဟုတ်ပါ။ကျော်ကြားမှု/ ပိုက်ဆံ/ လူတွေရဲ့ ချစ်ခင်လေးစားမှုအားလုံးကို တကယ် လိုချင်ရင် အဲဒါတွေနဲ့ ထိုက်တန်မယ့်စဉ်းစားချင့်ချိန်နိုင်တဲ့ ဉာဏ်ရည် အသိတရားရှိအောင်အရင်လုပ်ပါ " ဟု ရေးသားတုန့်ပြန်ခဲ့ပါတယ် ။
 
သားစစ်ကတော့ ဂျောက်ဂျက် ဖေ့စ်ဘုတ်ပေါ်တွင် တုန့်ပြန်ရေးသားမှုတွေနဲ့ပတ်သက်ပြီး သူ၏ဖေ့စ်ဘုတ်ပေါ်တွင် ဗီဒီယိုဖိုင်တစ်ခု ထပ်တင်လိုက်ပါတယ် ။ အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် ။

Source : Zin Min Lwin

Photo : Zin Min Lwin&Htun Htun Hein


06 Aug 2018     1,745 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS