BEC-TERO TV

အွန်လိုင်းပေါ်က မိန်းမလှလေးတွေကို မယုံကြည်သင့်တော့တဲ့ ရုပ်သံ

07 Aug 2018     1,404 Views


အွန်းလိုင်းပေါ်က မိန်းမလှလေးတွေကို မယုံကြည်သင့်တော့ဖူးဆိုတဲ့ အသိတရားကို ရစေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ သင့်ရဲ့ မျက်စိရှေ့မှာတင် နတ်သမီးလေးတစ်ပါးအသွင်​ ပြောင်းလဲသွားအောင် ဖန်တီးပြသွားတာမို့ မိတ်ဆွေမပြောနဲ့ ဘုရားသခင်တောင် မျက်စိလည်သွားစေနိုင်ပါတယ်။

၂၁ ရာစုရဲ့ တိုးတက်မှုအမြန်ဆုံး နည်းပညာတွေထဲမှာ မိတ်ကပ်ပညာဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆိုရမှာပါ။ အခြေခံမိတ်ကပ်ကနေ ရုပ်ရှင်မိတ်ကပ်၊ အထူးပြုလုပ်ချက်တွေ အဆုံး အဆင့်တိုင်းမှာ တိုးတက်မှုတွေ မြန်ဆန်နေပါတယ်။ ဒီရုပ်သံဟာလည်း မိတ်ကပ်ပညာတိုးတက်မှုရဲ့ ပြယုခ်တစ်ခုပဲဖြစ်ပါတယ်။

သြဂုတ်လ ၂ ရက်နေ့ထဲက စတင်ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဟာ အခုဆိုရင် ကြည့်ရှုသူ ၂၈ သန်း ရှိနေပြီး ပြန်လည် ဝေမျှမှုအကြိမ်ပေါင်းကတော့ ၃ သိန်းနီးပါးရှိပြီဖြစ်ပါတယ်။ ဗီဒီယိုရဲ့ ခေါင်းစဉ်ကတော့ “ကောင်လေးတွေ မသိစေနဲ့” တဲ့..။


 


07 Aug 2018     1,404 Views




RELATED

Most Popular of Special or Others

Most Popular of NEWS