BEC-TERO TV

ကွန်ဒုံးများကို ရေဆေးပြီး တစ်ဖန်ပြန်မသုံးသင့်ကြောင်း သတိပေးပြီ

08 Aug 2018     1,537 Views


သတင်းခေါင်းစဉ်ကို ဖတ်ကြည့်ပြီး ဘယ်သူက ပြန်သုံးမှာလည်းကွာလို့ စဉ်းစားမိကောင်း စဉ်းစားမိကြမှာပါ၊ ဒါပေမယ့် ကွန်ဒုံးတွေကို ရေဆေးပြီး တစ်ဖန်ပြန်လည် အသုံးပြုနေကြသူတွေရှိတယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က သတိပေးလိုက်ပါတယ်။

ပစ္စည်းအတော်များများကို အကြိမ်ကြိမ် ပြန်သုံးလို့သင့်တော်ပေမယ့် ကွန်ဒုံးကတော့ အဲဒီလို Recycle လုပ်ပြီး ပြန်သုံးသင့်တဲ့အရာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကွန်ဒုံးတွေကို လိင်တစ်ခါဆက်ဆံတိုင်း အသစ်တစ်ခုသာ အသုံးပြုသင့်ကြောင်း သတိပေးထားပါတယ်။
 
၂၀၁၇ ခုနှစ် စစ်တမ်းအရ အမေရိကန်မှာဆိုရင် သုံးပုံတစ်ပုံလောက်က ကွန်ဒုံးအသုံးပြုသူတွေလို့ သိရှိရပါတယ်။ ၂၀၁၂ တုန်းက ထုတ်ဝေခဲ့တဲ့ လိင်ကျန်းမာရေး ဂျာနယ်ရဲ့ ဆောင်းပါးရှင် ကန်တာကီတက္ကသိုလ်မှ ပရော်ဖက်ဆာ ရစ်ချတ်ခရော့စ်ဘီ က ကွန်ဒုံးသုံးသူတွေရဲ့ ၁.၄% ကနေ ၃.၃% သော သူတွေဟာ ကွန်ဒုံးတစ်ခုကို ပြန်လည်ဆေးကြောပြီး အနည်းဆုံး နှစ်ကြိမ်လောက်သုံးနေတာကို တွေ့ရကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
 
ဒေါက်တာအဲလိဇဘတ်တော်ရွန်း ကတော့ ဒီလိုထပ်ခါထပ်ခါ ပြန်သုံးတာဟာ လွဲမှားကြောင်း၊ ကွန်ဒုံးတွေဟာ တစ်ကြိမ်ထက်ပိုသုံးတဲ့အခါ၊ ပေါက်ပြဲတာ၊ မလုံတော့တာတွေ ဖြစ်တတ်တာကြောင့် ရောဂါကူးစက်ဖို့ လွယ်ကူကြောင်း ရှင်းပြခဲ့ပါတယ်။
 
(CDC) က အွန်လိုင်းပေါ်တင်ပြီး ရေးသားသတိပေးခဲ့တဲ့ အကြောင်းအရာဟာ ပျံ့နှံ့သွားခဲ့ပြီး အကြိမ်ပေါင်း ၁၀၀၀ လောက် ပြန်လည် မျှဝေတာကို တွေ့ရပါတယ်။


 


08 Aug 2018     1,537 Views




RELATED

Most Popular of Health Fix

Most Popular of NEWS