BEC-TERO TV

စက်သုံးဆီအရောင်းဆိုင်က ငွေကျပ်သိန်း ၃၀ ကျော် အခိုးခံရတဲ့(ရုပ်သံ)

09 Aug 2018     1,277 Views


မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်လမ်းဆုံ ဆန်းသီရိတည်းခိုခန်းအောက်တွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင်တွင် သြဂုတ်လ ၇ ရက်နေ့၊ နံနက် ၄ နာရီခန့်က ငွေ သိန်း ၃၀ ကျော် အခိုးခံရကြောင်း CCTV မှတ်တမ်းအရသိရပါတယ်။


ညပိုင်းဖွင့်လှစ်ရောင်းချသည့် အဆိုပါစက်သုံးဆီ အရောင်းဆိုင်တွင် ဓါတ်ဆီလာဝယ်သည့် သူမှ ဆိုင်ရှင်အိမ်အပေါ်ထပ်သို့ရောက်ရှိနေခိုက် ကောင်တာအံဆွဲထဲမှ ဓါတ်ဆီဖိုးရှင်းရန် စုဆောင်းထားသည့် ငွေ ၃၁ သိန်း ၈ သောင်း ၅ ထောင်ကို ခိုးယူသွားကြောင်း ဆိုင်ပိုင်ရှင် ကိုဇေယျာလင်းက ပြောပါတယ်။


အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်းတွင်တိုင်ကြားထားပြီး ရဲတပ်ဖွဲ့မှ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းသိရပါတယ်။


သတင်း - မြတ်ထွဋ် (မြိတ်)
 


09 Aug 2018     1,277 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS