BEC-TERO TV

ကားမောင်းလာတဲ့ပြည်သူများကို အနိုင်ကျင့်နေတဲ့ ပြည်သူ့ စစ် ( ရုပ်သံ )

09 Aug 2018     1,910 Views


သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်တွင် နမ့်ခိုက်တံတားအရောက် ပြည်သူ့ စစ်တစ်ဦးမှ ကုန်တင်ကားမောင်းလာတဲ့ ပြည်သူများထံ သူတောင်းသလောက် ပိုက်ဆံမပေးသဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့သည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
အနိုင်ကျင့်ခံရသော ပြည်သူများရဲ့ ပြောပြချက်အရ " ပြည်သူ့ စစ်မှပိုက်ဆံ ၃၀၀၀ တောင်းပါတယ် ။ လမ်းမှာကားပျက်လာတဲ့အတွက် ပိုက်ဆံက ၂၀၀၀ ဘဲရှိပါတော့တယ် ။ နမ့်ဖတ်ကာကိုလိုက်ယူပါလို့ပြောပါတော့ မရဘူးဆိုပြီး ကားကိုခွနဲ့ရိုက်တယ် ။ ကျွန်တော့်မိန်းမက ကားကိုဘာဖြစ်လို့ရိုက်တာလဲလို့ မေးလို့ဆိုပြီး ကျွန်တော့်မိန်းမကို လက်သီးနဲ့ လိုက်ထိုးတယ် ။ ကျွန်တော့်ကိုလည်း ဓါးနဲ့လိုက်ခုတ်တယ် ရဲတွေက လည်းရပ်ကြည့်နေတယ်ဗျ ။ စစ်သားတစ်ယောက်အကူအညီတောင်းတယ် အရေးမလုပ်ဘူး ပြည်သူ့ စစ်ကောင်က ပြောတယ် သေနတ်နဲ့ မပစ်တာတောင် ကံကောင်းတဲ့ ။
 
 
အခေါက်တိုင်းကျွန်တော်ပေးပါတယ် ။ ဒီတစ်ခေါက်မပေးတာနဲ့ ဒီလိုဖြစ်သွားတယ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ နမ့်ခိုက်တံတားက ရဲနဲ့ပြည်သူ့ စစ်ကို ဘယ်သူအရေးယူမလဲ ဘယ်သူကိုသွားတိုင်ရမလဲ ? ။ ငါတို့ပိုက်ဆံတွေနဲ့ ထမင်းဝနေတဲ့ ဒီတံတားက ဝန်ထမ်းတွေဟာ ဓါးပြထက်ဆိုးနေပြီ KIA/TNLA နဲ့ တစ်ခြားအဖွဲ့ အစည်းများစွာနဲ့ အခေါက်ပေါင်းများစွာကြုံခဲ့ဘူးပါတယ် အခက်အခဲရှိလို့ တောင်းပန်တဲ့အခါ ယဉ်ကျေးစွာနဲ့ လက်ခံပေးပါတယ် ။
 
 
လက်နက်အားကိုးနဲ့ ပြည်သူကိုအနိုင်ကျင့်တဲ့ ပြည်သူ့ စစ်ကောင်လို မရိုင်းစိုင်းမယုတ်မာဘူး သက်ဆိုင်ရာလူကြီးမင်းများခင်ဗျာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့ ပြည်သူ့ စစ်ကောင်ကို အရေးယူပေးပါရန် တင်ပြအပ်ပါသည် ။ ဆက်လက်ရှိနေဦးမယ်ဆိုရင် ရှမ်းမြောက်သွားနေတဲ့ ကားဆရာတွေရဲ့ အသက်ဟာလုံခြုံမှု မရှိတော့ပါဘူး ။ အထက်လူကြီးတွေသိစေရန်ကျေးဇူးပြုပြီးများများရှယ်ပေးပါရန် " ဟု သူ၏ Facebook ပေါ်တွင် ရေးသားဖော်ပြထားပါသည် ။

Source : NAY NAW RAIN AUNG 


09 Aug 2018     1,910 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS