BEC-TERO TV

ကျေးကျွန်မျိုးရိုးကဆင်းသက်သူဖြစ်ကြောင်း ဘီယွန်းစေး ဖွင့်ဟ

09 Aug 2018     1,414 Views


ကမ္ဘာပေါ်မှာအလှပဆုံး အမျိုးသမီးများစာရင်မှာ အမှတ်အပြည့်ရထားတဲ့ စူပါစတား ကမ္ဘာကျော်အဆိုတော် ဘီယွန်းစေး က သူမဟာ ကျေးကျွန်မျိုးရိုးမှ ဆင်းသက်လာခဲ့သူဖြစ်ကြောင်း Vogue ဖက်ရှင်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

သူမရဲ့ ရှေ့မျိုးရိုးသုံးဆက်က အဘွားဖြစ်သူဟာ မျက်နှာဖြူလူချမ်းသာအိမ်က ကျေးကျွန်တစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ရှင်ဖြစ်သူနဲ့ ချစ်ကြိုက်မိရာက ကျေးကျွန်ဘဝကနေ လွတ်မြောက်ခဲ့သူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ တရားဝင်မှတ်တမ်းများအရ သူမရဲ့ ဘင်တော်စပ်သူဟု ဆိုရမည့် အဘွားဖြစ်သူ Rosalie Jean Louis ဟာ ၁၈၀၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကျေးကျွန်တစ်ဦးဖြစ်ခဲ့ကာ အိမှရင်ဖြစ်သူ အမေရိကန်ကုန်သည် Joseph Lacey နဲ့ လက်ထပ်ခဲ့ရာကနေ ကျေးကျွန်ဘဝက လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

၁၈၃၀ ခုနှစ်မှာတော့ သူတို့နှစ်ဦးမှာ Celestine ဆိုတဲ့ သမီးလေး တစ်ယောက် ထွန်းကားခဲ့ပါတယ်။ လူဖြူသွေးနှောတဲ့ Celestine ဟာ လူဝီစီယားနားမှာ သကြားစက်ရုံတည်ထားတဲ့ ပြင်သစ်နွယ်ဝင် Eloi Rene Rosemond Broussard ဆိုသူရဲ့ တိတ်တိတ်ပုန်းဇနီးအဖြစ်နဲ့ အချိန်အကြာကြီး နေခဲ့ရပါတယ်။
Eloi ဟာ ၁၈၄၅ ခုနှစ် သူ့ရဲ့အသက် ၂၄ နှစ် အရွယ်ထဲက Rose Herbert ဆိုသူ မိန်းကလေးနဲ့ အိမ်ထောင်ကျထားသူဖြစ်ပါတယ်။ သူတို့မှာ ကလေး နှစ်ယာက်ရှိပါတယ်။

Beyonce(Left) , Celestine(Right)


အဲဒီအချိန်မှာ Celestine က Eloi ရဲ့အိမ်မှာ အိမ်တော်ထိန်းအဖြစ် အလုပ်လုပ်နေသူပါ။ နောက်ပိုင်းမှာ သူတို့နှစ်ဦး နီးစပ်ခဲ့ကြပြီး ကလေး ၁၃ ယောက်ထိတောင်ရခဲ့ကြပါတယ်။ အဲဒီကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ Odelia ဆိုသူဟာ ဘီယွန်းစေး အဖွားရဲ့ အမေဖြစ်ပါတယ်။

အမေရိကန် မျိုးရိုးဗီဇပညာရှင် ခရစ္စတိုဖာလန်ဒရေ က Eloi နဲ့ Celestine တို့ရဲ့ အဖြစ်က “အဓ္ဓမကျူးလွန်ရင်းဖြစ်တာမျိုး မဟုတ်ပါဘူး၊ သူတို့နှစ်ဦး အများရှေ့မှာပဲ ပွင့်ပွင့်လင်းလင်း အတွဲခုတ်ခဲ့ကြတာပါ၊ Eloi ရဲ့ လူရွယ်ဘဝတစ်ခုလုံး Celestine နဲ့ပဲ ဖြတ်သန်းခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Celestine အသက် ၄၆ နှစ်အရွယ် Eloi အသက် ၅၂ နှစ်အရွယ် ၁၈၇၃ ခုနှစ်မှာ သူတို့နှစ်ဦး လူဝီစီယားနားက ဘုရားကျောင်းတစ်ခုမှာ တရားဝင်လက်ထပ်ခဲ့ကြတယ်လို့ ဘုရားကျောင်းရဲ့ မှတ်တမ်းအရ သိရှိခဲ့ရပါတယ်။ ၁၈၆၅ ခုနှစ်မှာ Eloi ရဲ့ ပထမဇနီး Rose ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
Eloi ဟာ ၁၉၀၄ ခုနှစ် အသက် ၇၉ မှာကွယ်လွန်ခဲ့ပါတယ်။ Celestine ကတော့ အသက် ၉၂ နှစ်အထိ နေသွားခဲ့ရပြီး သူမကွယ်လွန်ချိန်မှာ အနည်းဆုံး ကလေး ၁၀ ယောက်ကျန်ခဲ့မယ်လို့ ခန့်မှန်းပါတယ်။

အဒီအချိန်မှာ ဘီယွန်းစေး အဖွားရဲ့အမေဖြစ်သူ Odelia က ၅၈ နှစ်အရွယ်ဖြစ်ပြီး လယ်သမားတစ်ဦးဖြစ်တဲ့ Eugene Derouen နဲ့ အိမ်ထောင်ကျနေပါပြီ။ သူတို့ဟာ လူဝီစီယားနားပြည်နယ်က ဗာမီလီယွန်မြို့မှာ နေထိုင်ကြပြီး ကလေး ၁၈ ယောက် ထွန်းကားခဲ့ပါတယ်၊ ဒါပေမယ့် နှစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။ Odelia ဟာ ကျောင်းလုံးဝမနေဖူးတဲ့ စာမတတ်သူတစ်ယောက်ပါ။

Eugene Derouen & Odelia


ဘီယွန်းစေးရဲ့ အဖွားဖြစ်လာမယ့် Agnes Derouen ကို ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ လူဝီစီယားနားမှာတော့ နာမည်ရတဲ့ အပ်ချုပ်သမတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ပါရမီနဲ့ကြိုးစားမှုတွေကြောင့် ပြည်နယ်တစ်ခုလုံးမှာ နာမည်ရလာပြီး သူဌေးသူကြွယ်တွေကတောင် အလုပ်အပ်တဲ့သူဖြစ်လာပါတယ်။ နောက်ဆုံးမှာ အဝတ်အစားတွေကို ကျောက်မျက်ရတနာတွေနဲ့ပါ ဆင်မြန်းပေးရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Albert Lumas Buyince & Agnes Derouen


အသက် ၁၇ နှစ်မှာ အိမ်ထောင်ကျခဲ့ပေမယ့် အိမ်ထောင်ပျက်ခဲ့ပါတယ်၊ ဒုတိယအိမ်ထောင်ဖြစ်တဲ့ မိုင်းတွင်းအလုပ်သမားတစ်ဦး Albert Lumas Buyince နဲ့မှ အိမ်ထောင်မြဲခဲ့ပြီး သားသမီး ၇ ဦးမွေးဖွားကာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားဖြစ်လာခဲ့ပါတယ်။ အဲဒီထဲမှာ ဘီယွန်းစေရဲ့ မိခင် တီနာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

Beyounce & Tina


ဘီယွန်းစေးရဲ့မိခင် တီနာဟာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်လာပြီး အဖွားဖြစ်သူ Agnes ကို လေးစားအားကျတဲ့အနေနဲ့ သူ့ရဲ့ဖက်ရှင်လုပ်ငန်းကို House of Dereon လို့ အမည်ပေးခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ကျေးကျွန်မျိုးရိုးက ဆင်းသက်လာတဲ့ ဘီယွန်းစေးဟာ မျိုးနွယ်စုနှစ်ခုရဲ့ ရောစပ်ပေါင်းစည်းထားတဲ့ အလှတရားနဲ့ ပြည့်စုံရုံသာမက ထူးခြားတဲ့ အသံပိုင်ရှင် တစ်ဦးလည်း ဖြစ်နေပါတယ်။
 


09 Aug 2018     1,414 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS