BEC-TERO TV

လမ်းဘေးအပေါ့သွားတာကို တားမိရာမှ လူသတ်မှုဖြစ်ပွား

10 Aug 2018     1,268 Views


သြဂုတ်လ ၅ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် အေးရွာသမ္ဗာန်ဆိပ်အနီးတွင် လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စနှင့် စကားများကြရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊
သမ္ဗန်ဆိပ်အနီးတွင် ဦးရန်အေး ဆိုသူမှ ကျော်ရဲဝင်း(ခ)ကျော်ကြီး နှင့် လမ်းဘေးတွင် အပေါ့စွန့်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်စဉ် ကျော်ရဲဝင်း(ခ)ကျော်ကြီးမှ အသင့်ပါလာသည့်ဓားဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရရှိသည်။

ထွက်ပြေးတိမ်းရှောင်သွားသော ကျော်ရဲဝင်း (ခ)ကျော်ကြီး အား စက်ဆန်းနယ်မြေရဲစခန်းက (ပ) ၁၇၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်၊ ဦးဥတ္တမလမ်းပေါ်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း Yangon Police စာမျက်နှာတွင် ဖော်ပြပါရှိသည်။
 


10 Aug 2018     1,268 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS