BEC-TERO TV

လှည်းတန်းကငရဲခန်းကို ရှင်းလင်းပေးရန် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို တောင်းဆိုပြီ

10 Aug 2018     1,414 Views


ကမာရွတ်မြို့နယ် လှည်းတန်းစင်တာအနီး လှည်းတန်းကုန်းကျော် တံတားအောက်နဲ့ ပလက်ဖောင်းနေရာများတွင် ဘုစုခရုမှစ၍ လူလားမမြောက်သေးသော ကလေးငယ်အရွယ်စုံများ လောကငရဲကို အရှင်လတ်လတ် ကျခံနေရသဖြင့် ပြည်သူများက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုဖိုးဇော် (09-795405022) က ဒီကလေးတွေကို နောက်ကွယ်ကနေ တောင်းရမ်းခိုင်းပြီး ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းကို အရေးယူဖမ်းဆီးဖော်ထုတ်ပေမည်ဆိုပါက အဆိုပါကလေးများရဲ့ စားဝတ်နေရေးကိစ္စအဝဝကို တာဝန်ယူပေးပါမည်ဟု ရဲရဲကြီး အာမခံကာ လူမှုကွန်ယက်ပေါ်ကနေ အကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။


အဆိုပါကလေးငယ်များနဲ့ ပက်သက်ပြီး လေ့လာစုံစမ်းခဲ့ဖူးသည့် လူမှုရေးအဖွဲ့အစည်းတစ်ခု၏ အဆိုအရ လေလွင့်ကလေးငယ်များ၊ မိဘမဲကလေးငယ်များကို နောက်ကွယ်မှ လူတစ်စုက ကြိုးကိုင်ကာ လမ်းမများပေါ်တွင် တောင်းရမ်းခိုင်းခြင်း နေ့ည အချိန်မတော် ပန်းများလိုက်လံရောင်းချခိုင်းခြင်းတို့ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အဆိုပါကလေးများ၏ တောင်းရမ်းရှိသော တစ်ရက်စာဝင်ငွေမှာ ၈၀,၀၀၀ (ရှစ်သောင်း) ကျပ်ခန့်ထိ အမြင့်ဆုံးရှိပြီး သတ်မှတ်ထားသည့် ငွေကြေးမပြည့်ပါက ကလေးများအား ညအချိန်မတော် မီးပွိုင့်လမ်းဆုံများတွင် စံပါယ်ပန်း ရောင်းချခိုင်းပြီး ဆပ်ကြေးပြည့်အောင် လုပ်ဆောင်ပေးနေရသည်ဟု သိရှိရပါတယ်။
အစားအသောက်အတွက် အချိန်တန်လျှင် စီးတီးမတ်မှ အသင့်ထုတ်ပိုးထားသော ၁၅၀၀ ကျပ်တန် ထမင်းဗူးများ လိုက်လံဝေငှပေးခြင်း၊ ကလေးများ ရောင်းချရန် အပေါစာပန်းစည်းများအား စီစဉ်ပေးခြင်းတို့ကို နောက်ကွယ်မှ စနစ်တကျ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

အဆိုပါကလေးများဟာ လမ်းမပေါ်မှာ စရိုက်ဆိုးများနဲ့ အရွယ်နဲ့မလိုက်အောင် ဘဝကိုခက်ခဲကြမ်းတမ်းစွာ ကြီးပြင်းရုန်းကန်နေကြရသူများ ဖြစ်တာကို အများပြည်သူများ စိတ်မချမ်းမြေစွာဖြင့် နေ့စဉ်မြင့်တွေ့နေကြရသော်လည်း ယနေ့ထိတိုင် သက်ဆိုင်ရာက ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိသေးတဲ့အတွက် တာဝန်ရှိသူများအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးကြရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။


 


10 Aug 2018     1,414 Views




RELATED

Most Popular of Special or Others

Most Popular of NEWS