BEC-TERO TV

ကောလင်းမြို့ နယ်တွင် ၁၉ နှစ်အရွယ်မျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

10 Aug 2018     1,236 Views


သြဂုတ်လ ၉ ရက်နေ့ နံနက် ၇နာရီအချိန်ခန့် အရက်သေစာသောက်စားထားသည့်အမျိုးသားတစ်ဦးက တစ်ရွာတည်းနေ ၁၉ နှစ်အရွယ် မျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ကောလင်းမြို့ နယ် ၊ ပေပင်ချောင်းကျေးရွာနေ မ----- ၁၉ နှစ်သည် နေအိမ်နောက်ဖေးတွင် ခရမ်းချဉ်သီးပင်စိုက်ပျိုးပြီး တစ်ယောက်တည်းရှိနေစဉ် တစ်ရွာတည်းနေ သန့်ဇင်ထိုက် ၂၂ နှစ်က ရောက်လာပြီး အလိုမတူပဲ အတင်းအဓမ္မပြုကျင့်သွားခဲ့ကြောင်း သိရသည် ။
 
 
“မနေ့က နံနက် ၇ နာရီခန့်မှာ ပြစ်မှုကျူးလွန်သူ သန့်ဇင်ထိုက်က အရက်မူးပြီးတော့ ဆေးလိပ်တိုနဲ့ မီးခြစ် ကိုင်ဆောင်လျက်နဲ့ ရောက်ရှိလာပြီး ကာယကံရှင်အမျိုးသမီးကို မင်းအစ်ကိုအိမ်မှာရှိလားလို့ မေးမြန်းခဲ့ပြီးတော့ မရှိဘူးလို့ပြန်ပြောတဲ့အချိန်မှာပါးစပ်ကိုပိတ်၊ ဆွဲလှဲပြီး ၂ မိနစ်လောက် အတင်းအဓမ္မ ပြုကျင့်သွားတယ်လို့ တိုင်ကြားချက်ရဲမှတ်တမ်းအရ သိရပါတယ်။ ပြီးတော့ တရားခံကိုအဲဒီနေ့နာရီပိုင်းမှာပဲ ဖမ်းဆီးရမိတယ်” ဟု ကောလင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည့် သန့်ဇင်ထိုက်ကို ရဲ့စခန်းမှ ရာကြီးအမှု ၆/၂၀၁၈၊ ပ-၂၁၀ / ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည် ။

10 Aug 2018     1,236 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS