BEC-TERO TV

မန္တလေးမြို့ မှာ ရန်ငြိုးကြောင့် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး

14 Aug 2018     1,315 Views


သြဂုတ်လ ၁၃ ရက်နေ့ ၁၁ နာရီခန့်အချိန် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း မနော်ဟရီနှင့် မြတ်လေးလမ်းကြားမှာ သေနတ်ပစ်ခတ်မှုဟာ ရန်ငြိုးကြောင့် ဖြစ်သည်ဟု ဖမ်းဆီးရမိသူ တရားခံတစ်ဦးက ထွက်ဆိုထားသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
အဆိုပါပစ်ခတ်မှုတွင် ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ဦးအား လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်းသိရသည်။ အမျိုးသားဖြစ်သူမှာ နားထင်တွင်ပစ်ခတ်ခံရပြီး အမျိုးသမီးဖြစ်သူမှာ ရင်အုံတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
 
 
သေနတ်ဒဏ်ရာကြောင့် အမျိုးသမီးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသားကတော့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၄၅ နှစ် အမည်က မဟော်လောက်ဖိန်း ဖြစ်ပြီး ဒဏ်ရာရတဲ့ အသက် ၄၂ နှစ် အရွယ်အမျိုးသားကတော့ လီရွှမ်းခွန်း ( ခေါ် ) ကိုဇော်လင်းဖြစ်တယ်လို့ သိရသည် ။
 
 
" အခုလို သေနတ်နဲ့ ပစ်ခတ်သူရော အပစ်ခံရတဲ့ သူတွေပါ မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေဖြစ်ပြီး တောင်ကြီး မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့ အောင်ပင်လယ် မြို့ မရဲစခန်းကပြောပါတယ် " ဟု ဘီဘီစီသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 

 
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ ကိုခွန်ကောလားကို လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၅၈၀ နဲ့ လူသတ်မှု ပုဒ်မ ၃၀၂/၃၆ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်နေတဲ့သူကိုလည်း ဆက်လက်စုံစမ်းရှာဖွေနေကြောင်း သိရသည် ။

14 Aug 2018     1,315 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS