BEC-TERO TV

အမျိုးသားများကို ဗီဒီယိုချောင်းရိုက်သူ ကိုရီးယားအမျိုးသမီး ထောင်ကျခံရ

14 Aug 2018     2,330 Views


တောင်ကိုရီးယားနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အမျိုးသားများကို ချောင်းမြောင်းကာ ကိုလုံးတီးချွတ်ပုံများကို ခိုးဝှက်ပြီး ဓါတ်ပုံဗီဒီယို ရိုက်ကူးခဲ့မှုများကြောင့် သြဂုတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

နည်းပညာတွေမြင့်မားလာမှုနဲ့အတူ အမျိုးသမီး၊ အမျိုးသားများရဲ့ ဖော်ချွတ်ပုံများကို ချောင်းမြောင်းရိုက်ကူးမှုများကို တွန်းလှန်ဖို့ ကိုးရီးယားအစိုးရ ရင်ဆိုင်နေရပါတယ်။ အဆိုပါ ပုံရိပ်များကို အထူးသဖြင့် ကျောင်းများ၊ ရုံးများ၊ ရထားပေါ်၊ သန့်စင်ခန်းနဲ့ အဝတ်လဲခန်းတွေမှာ တိတ်တဆိတ်ရိုက်ကူး ရယူနေကြတာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ အဆိုပါအမှုပေါင်း ၁,၁၀၀ ခန့် ရဲတိုင်ကြားမှုရှိနေခဲ့ပြီး မနှစ်ကတော့ အမှုပေါင်း ၆,၅၀၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။ အဆိုပါရုပ်သံတွေကို ရိုက်ကူးပြီးနောက် အွန်လိုင်းပေါ်မှာ ပြန်လည် ရောင်းစားနေကြတာဖြစ်ပါတယ်။
တရားဝင်စာရင်းအင်များအရ ယင်းကဲ့သို့သော ရာဇဝတ်မှုကျူးလွန်သူ ၉၈% မှာ အမျိုးသားများဖြစ်ကြပြီး သူတို့တွေထဲမှာ ကျောင်းဆရာတွေ၊ ကောလိပ်က ပရော်ဖက်ဆာတွေ၊ ဘုရားကျောင်းက သင်းအုပ်ဆရာတွေ၊ ရဲအရာရှိတွေတောင် ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကျူးလွန်ခံရသူ ၈၀% က အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ယခုအမှုမှာ ကျူးလွန်ခဲ့သူ အမျိုးသမီးက အသက် ၂၀ ဝန်းကျင်ခန့်ဖြစ်ပြီး သူကိုယ်တိုင်လည်း ဖော်ချွတ်သရုပ်ပြမယ် တစ်ဦးဖြစ်ပါတယ်။ ဆိုလ်းမြို့ ဟောင်ဂစ်တက္ကသိုလ်ရဲ့ ပန်းချီဆွဲသင်တန်းခန်းမထဲမှာ ကိုယ်လုံးတီးချွတ် သရုပ်ပြနေတဲ့ အမျိုးသားတွေရဲ့ ပုံကို တိတ်တဆိတ်ရိုက်ယူခဲ့ပြီး မေလတုန်းက အင်တာနက်မှာ ပြန်ရောင်းစားခဲ့ပါတယ်။
အဲဒီအတွက် သူမကို ထောင်ဒဏ် ၁၀ လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ကျူးလွန်ခံရသူ အမျိုးသားဟာ သူ့ရဲ့ကိုယ်လုံးတီးပုံတွေကို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်ခံခဲ့ရတာကြောင့် အကြီးအကျယ် စိတ်ထိခိုက်ခံစားခဲ့ရကြောင်း တိုင်းကြားခဲ့ပါတယ်။ ရက်အနည်းအငယ်အကြာမှာပဲ ရဲတွေက သူမရဲ့အိမ်ကို ဝင်ရောက် ရှာဖွေခဲ့ရာ သက်သေအထောက်အထားများနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အမျိုးသမီးရဲ့ အမည်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

အဆိုပါ အဖြစ်အပျက်များကို ကာကွယ်နိုင်ဖို့ တောင်ကိုရီးယားမှာ ရောင်းချတဲ့ စမတ်ဖုန်းတွေတိုင်းမှာ ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာရိုက်သံ အသံအကျယ်ကြီးမြည်အောင် ပြုလုပ်ပြီးမှ ရောင်းချခွင့်ရှိပါတယ်။ ဒါပေမယ့် ချောင်းရိုက်သူတွေကတော့ အခြားကင်မရာ အပလီကေးရှင်းတွေကို အသုံးပြုကြသလို၊ ကွယ်ဝှက်ကင်မရာ၊ အသုံးအဆောင်ပစ္စည်း အယောင်ဆောင် ကင်မရာတွေကို သုံးပြီး ပုံရိပ်များကို ရယူကြတာဖြစ်ကြောင်း သိရှိရသည်။
 


14 Aug 2018     2,330 Views




RELATED

Most Popular of International News

Most Popular of NEWS