BEC-TERO TV

စက်လှေကားထဲ ခြေထောက်ညပ်ပါခဲ့ရတဲ့ ထိန့်လန့်ဖွယ်အဖြစ်ပျက် (ရုပ်သံ)

14 Aug 2018     1,508 Views


တရုပ်နိုင်ငံ ဂွေယမ်းမြို့က ဈေးဝယ်စင်တာတစ်ခုကို ကလေးမလေးနှစ်ဦးထဲ ဈေးဝယ်လာရာ အပေါ်ထပ်သို့ စက်လှေကားနဲ့ တက်လာစဉ် ရုတ်တရက် စက်လှေကား အပေါက်ကျွံကာ ကလေးတစ်ဦး ခြေထောက် ညပ်ပါသွားခဲ့သည်။

ထိုစဉ် အခြားစက်လှေကား တစ်စင်းပေါ်မှ ကလေးနဲ့အတူ ဆင်းလာသော အမျိုးသမီးတစ်ဦးက သူမရဲ့ကလေးကို ထားခဲ့ပြီး မိန်းကလေးတွေကို ကယ်ဖို့ စက်လှေကားပေါ် ပြေးတက်ကာ ဆွဲထားခဲ့သဖြင့် တစ်ယောက်က လွတ်သွားခဲ့ပြီး အခြားတစ်ယောက်က တစ်ကိုယ်လုံး ပြုတ်ကျမသွားပဲ ခြေထောက်ညပ်ပါနေခဲ့သည်။

အမျိုးသမီးက အော်ဟစ်အကူညီတောင်းပေမယ့် အခြားလူများက ရုတ်တရက် ထိတ်လန့်ကာ ကြောင်ကြည့်နေမိသည့်အတွက် စက္ကန့် ၂၀ ခန့်ကြာအောင် ခြေထောက်ညပ်ရင်း သူတို့သုံးဦး ပါသွားခဲ့ကြပါတယ်။ ထိုစဉ် လူတစ်ဦးက အရေးပေါ် ခလုပ်ကိုနှိပ်လိုက်မှ စက်လှေကားရပ်သွားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာခဲ့ပြီး ကလေးမလေးကို ဆေးရုံသို့ ပိုခဲ့ကြပါတယ်။ ဒဏ်ရာရသွားတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါ။

ယနေ့ခေတ်မှာ စက်လှေကားဆိုတာ အထူးအဆန်းမဟုတ်တော့ပဲ နေရာအတော်များများမှာ ရှိနေနှင့်ပြီးဖြစ်ပါတယ်။ အထူးသဖြင့် ဈေးဝယ်စင်တာတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ စက်လှေကားဟာ အလွန်အသုံးဝင်သလို တစ်ဖက်မှာလည်း စက်လှေကားကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်ပျက်တွေ အများကြီးရှိနေတာကြောင့် စက်လှေကားစီးတဲ့အခါ အားလုံးပဲ အထူးသတိရှိကြပါဦး။
 


14 Aug 2018     1,508 Views




RELATED

Most Popular of Special or Others

Most Popular of NEWS